"ပေးပေး မေမေထား ကျွန်တော်ယူပေးသွားလိုက်မယ်…မြတ်လေးဗိုက်ဆာနေပြီတဲ့"
"အေးအေး သားနွေး"
ဆန်ပြုတ်ပန်းကန်အား သထိထားကိုင်ကာ စေ့ရုံစေ့ထားသည့်တံခါးကို ကိုယ်လှည့်၍တွန်းဖွင့်လိုက်သည်။
"မြတ်လေး ဒီမှာရပြီ"
"ဆန်ပြုတ်ကြီးပဲလား"
"မြတ်လေးမှ နေမကောင်းသေးတာ……ကိုယ်မပူအောင်မှုတ်ပြီးတိုက်မယ် သောက်မယ်မလား"
"အင်း မြန်မြန်လေး"
သူဆန်ပြုတ်ပန်းကန်ထဲသို့ ဇွန်းကလေးဖြင့် မွှေပြီးမှ တစ်ဇွန်းခပ်ယူကာ လေးရုံ၏ပါးစပ်နားသို့တေ့ပေးလိုက်သည်။
"ဆရာနွေး…လေထဲကိုသကြားတွေဘယ်လိုထည့်ရတာလဲဗျ"
"ဟင် ဘယ်ကသကြားလဲ"
"ဆရာနွေးဆီက သကြားပေါ့ဗျာ…ဆန်ပြုတ်ကချိုနေတာပဲ"
"မြတ်လေး ပေါက်တတ်ကရတွေပြောပြန်ပြီ"
"ပေါက်တတ်ကရမဟုတ်ရပါဘူးဗျာ အတည်တွေပါ"
"ကယ် သောက်စရာရှိတာသောက် "
"အဟမ်း ခွံ့စရာရှိတာခွံ့လေ"
"မြတ်လေးနော်"
အခန်းတွင်းလေထုသည် မိနစ်ပိုင်းအတွင်းပြန်လည်နွေးထွေးလာခြင်းနှင့်အတူ ကောင်လေးနှစ်ယောက်၏ အပြုံးများကလည်း ဖောဖောသီသီပင် ဆောင်းလေညှင်းကလေးနှင့်အတူ နေရာအနှံ့ပျံ့နှံ့သွားကြသည်။နောက်ထပ်တစ်နာရီအကြာတွင်တော့ ကုတင်ပေါ်တွင် အိပ်ပျော်နေသော၂၀ကျော်သက်အရွယ်ကောင်လေးတစ်ယောက်နှင့် သူ၏ပေါင်ပေါ်တွင်ခေါင်းအုံးထားသည့် ကောင်ငယ်လေး၏ အပြုံးများကို တွေ့ရပါလိမ့်မည်။
*************
"နောင် အစ်ကို့ကိုစောင့်ဦးလေ"
"ခင်ဗျားတော်တော်လည်း ရှည်ကြောတဲ့လူပါလား"
ဒီကိုရောက်ပြီးမှ သိလိုက်ရသည်က နေစိုင်းနောင်ဆိုသည့်ကောင်လေးသည် သူ၏လက်ထောက်ဖြစ်နေသည်တဲ့လား။နေစိုင်းနောင်ဟာ သူ့ကိုဘယ်တုန်းကမှမကြည်သလို ခုထိလည်းမကြည်သေးပါ။ငြင်းခုံစရာကိစ္စမဟုတ်သည်များကိုလည်း သူ့ကိုအနိုင်ရရုံသက်စက်စကားစစ်ထိုးတတ်သေးသည်။ဪ ရှမ်းခေါက်ဆွဲရန်ငြိုးကြီးကလည်း မသေးပါကလား။ယခုလည်း ကလေးတွေနှင့်တောင်တက်ရာမှ ငြင်းခုန်နေကြပြန်ခြင်း။
أنت تقرأ
ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)
القصة القصيرةစံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌
Part 11
ابدأ من البداية