ဒို့နဲ့မင်းက စခွင့်တောင်မရတော့တဲ့အချစ်ဇာတ်လမ်းလေးပါပဲလား....။မဖြစ်နိုင်တော့ဘူးဆိုရင်တောင် ဒို့ချစ်တာမင်းဆိုတာကို ဒို့သိစေချင်ပါသေးတယ်...။

. . . . . .

အလုပ်လုပ်တဲ့နေ့ကစလို့ မနက်ပိုင်းပြေးရလွှားရတဲ့မြူဒေါင်းငယ်မှာ ဒီနေ့လည်းထုံးစံအတိုင်းပဲ ပေါင်မုန့်တစ်ချပ်ပါးစပ်မှာကိုက်ပြီး ကားတိုးစီးဖို့အမှီပြေးရပြန်သည်။ အိမ်ကအဓိကအိမ်ရှင်သားကိုကို အလုပ်သွားမဲ့အချိန်ကိုလည်းသူ့မှာ စောင့်နေရတာနဲ့အလုပ်အမြဲနောက်ကျရသည်။ ကိုကိုအိမ်မှာရှိတုန်းထွက်လာဖို့ကမဖြစ်တော့လည်း သည်လိုပဲခိုးကြောင်ခိုးဝှက်လုပ်နေရတာဟာ မြူဒေါင်းအတွက်ထင်သလောက်မလွယ်လှပါ။

ကိုကိုက သံသယကြီးသူဖြစ်တာကြောင့် သူနည်းနည်းလေးတောင်ကိုကို့ရှေ့အမှားမလုပ်ရက်ဘူး။ မဟုတ်ရင်အကုန်မိသွားတော့မှာ။ ကားတိုးစီးပြီး အလုပ်ရှေ့ရောက်တော့ ကိုယ့်ကိုယ်ကိုသပ်ရပ်အောင်ပြင်ပြီး အလုပ်ထဲမြူဒေါင်းဝင်လာတော့သည်။ ရှပ်အိင်္ကျီအဖြူလက်ရှည်ကို ဘောင်းဘီထဲထည့်ဝတ်ထားသည့်မြူဒေါင်းငယ်မှာ ငယ်ရွယ်ပြီးသန့်ပြန့်လို့နေသည်။ အလုပ်ကလူတွေကို ပြုံးပြနှုတ်ဆက်ရင်းအားလုံးကလည်း သဘောကောင်းလွန်းတဲ့သူ့ကိုပြုံးပြနှုတ်ဆက်ကြပါသည်။ မကြာခင်မှာ မြူဒေါင်းအသက်18နှစ်ပြည့်တော့မှာပင်။ အဲ့ချိန်ကျသူဒီမှာ အလုပ်တစ်ခုကိုအခြေချလုပ်ကိုင်လို့ရလိမ့်မည်ဖြစ်သည်။ ပထမရက်ကလိုအဆင်မပြေတာမျိုးတော့မရှိတော့ မြူဒေါင်းအတွက်ဒီအလုပ်က အတော်လေးနေသားကျလာခဲ့ပြီ။

''မြူဒေါင်း.....''

''ဟင်.....နိုရာ''

အင့်......

နိုရာက မြူဒေါင်းစီခပ်သုပ်သုပ်ပြေးလာပြီးဖက်တော့ နှစ်ယောက်သားပြစ်လဲမလိုတောင်ဖြစ်သွားသေး၏။ ကေနိုရာက လူကောင်သေးသေးလေးပေမဲ့ မြူဒေါင်းကလည်း ပိန်ပိန်ပါးပါးခန္ဓာကိုယ်လေးသားရှိလို့ ရုတ်တရက် အရှိန်အားကောင်းကောင်းမထိန်းနိုင်ပါ။

''morning....အလုပ်သင်လေးရေ အလုပ်တူတူတွဲလုပ်ရမှာမလို့ ဂရုစိုက်ပေးပါအုံးနော် ခစ်....ခစ်...ခစ်''

𝐈 𝐋𝐨𝐯𝐞𝐝 𝐇𝐢𝐦 𝐌𝐚𝐝𝐥𝐲 {Ongoing }Donde viven las historias. Descúbrelo ahora