အပိုင်း ၄၅

Depuis le début
                                    

"ဟာ့! ငါ ငါသူခန့်ကို‌ အ့ ဒေါ်လေးတို့ကိုစောင့်ရှောက်ပေးဖို့ပြောတာ အ့"

"အခုမှဘာမှလာမပြောနဲ့တော့ပယင်းသွေးသစ်"
____________________________
အချိန်တွေကြာလာတာနဲ့အမျှကွန်းနဲ့သွေးသစ်ကအဆင်မပြေလာလေဖြစ်သည်။ဒေါ်မြပုလဲကလဲသူ့သားစိတ်နဲ့အစားမစားတော့အစာအိမ်ရောဂါကပိုဆိုးလာသည်။ဆရာဝန်ပြတော့လဲသူ့ကိုစိတ်ဖိစီးမှုမဖြစ်စေပဲအစာကိုသေချာစားခိုင်းဖို့ပဲမှာသည်။ကွန်းကလဲသွေးသစ်ကိုသူ့အမေနဲ့အတူရှိနေချိန်မှာဆိုပိုပြီးအနိုင်ကျင့်ပြသလိုနှိပ်စက်ပြသည်။တစ်ခါတလေဒေါ်မြပုလဲကမနေနိုင်၍ဝင်ပြောမိလျင်ဒေါ်မြပုလဲကိုအနာကျင်ဆုံးစကားလုံးတွေနဲ့ရွေးပြီးစကားနာထိုးသည်။သွေးသစ်ကသူ့ကိုနှိပ်စက်လျင်တော်ရုံပြန်မပြောပေမယ့်သူ့အမေထိလာလျင်မခံ ကွန်းကိုပြန်ပြောရင်းပြဿနာတက်ပြန်သည်။ကြာလာတော့ဒေါ်မြပုလဲကသူ့ကြောင့်သူ့သားဒီလိုဒုက္ခခံရတာဆိုပြီးတစ်ခါတစ်ခါအသက်ရှင်နေရတာကိုနောင်တရလာသည်။သွေးသစ်ကတော့ဖြောင်းဖျရှာသည်သူ့အမေကို။ဒါပေမယ့်ဒေါ်မြပုလဲစိတ်ထဲမှာတော့အတော်လေးစိတ်ဒုက္ခရောက်နေပြီဖြစ်သည်။ဦးကွန်းစံကလဲဒီပြဿနာတွေအမြန်ဆုံးပြေလည်ပြီးမိသားစုသင့်သင့်မြတ်မြတ်ရှိချင်လှပြီဖြစ်သည်။
တစ်ရက်မှာတော့ကွန်းရုံးသွားဖို့အောက်ဆင်းလာချိန်ဦးကွန်းစံကဧည့်ခန်းကနေစောင့်နေပြီး

"ကွန်း မင်းရုံးသွားတော့မှာလား"

"ဟုတ်တယ်အဖေ ဘာလို့လဲ"

"ညနေစောစောပြန်လာခဲ့အိမ်ကို"

"ဘာလို့လဲအဖေ"

"ပြန်လာခဲ့ပါကွာ"

"ဟုတ်"

"သွေးသစ်ရော"

"အနောက်မှာလာလိမ့်မယ်အဖေသားသွားပြီ"

"ဟုတ်ပြီသား"
ခနနေတော့သွေးသစ်ဆင်းလာသည်။

"သားလေး သွေးသစ်"

"ဗျာအဖေ"

"သားညနေကြကွန်းနဲ့အတူတူစောစောပြန်လာခဲ့နော်ကွန်းကိုတော့အဖေပြောထားပြီးသား"

"ဗျာ ဟုတ်အဖေ"

"အေးအေး သားအမေကအခန်းထဲမှာ"

ပုဂံမြေကိုတိုင်တည်၍Où les histoires vivent. Découvrez maintenant