" ရပါတယ် အန်ကယ် ၊ ကျွန်တော်လည်း အန်ကယ့်ကိုပဲ ဖိတ်တာပါ ၊ သူ့ကို မဟုတ်ပါဘူး "
ဂျီမင့်ရဲ့အပြောကြောင့် ကင်မ်ထယ်ယောင်းရဲ့ဒယ်ဒီလည်း ဘာပြောရမယ်မှန်းမသိတော့သလို ကင်မ်ထယ်ယောင်း ခုံနောက်ကို မှီလိုက်ပြီး ဂျီမင့်ကိုကြည့်သည် ။
" ဒီအိမ်မှာ နေတာကြာနေပြီး ဘာလိုနစ်ယောက်သားမတည့်ကြသေးတာလဲ ?"
" ဟုတ်လား ..ခင်ဗျားအဖေကတော့ ကျုပ်ကိုလာ စေချင်တာ သေတော့မလိုပဲ "
" ငါ့အဖေက ..ဘာလိုမင်းကို "
" ကဲ တော်တော်..မနက်ဖြန် တဘက်ခါပဲ ကျောင်းပြီးကြတော့မယ် မရင့်ကျတ်ကြသေးဘူးလား ..နစ်ယောက်လုံး သွားတော့ "
" ဒယ်ဒီ ဘယ်နေ့သွားမလဲ ?"
" ဟေး ..."
" သွားတဲ့နေ့ရောက်ရင်ပြောလိုက် ဒယ်ဒီ ၊ မဖြစ်မနေ သွားပေးမယ် "
" လိုက်စရာမလိုဘူး "
ဂျီမင်ထပ်ပြောတော့ ကင်မ်ထယ်ယောင်းက ထိုင်နေတဲ့နေရာက ရုတ်တရက်ထရပ်လိုက်ရင်
" ကဲ..နစ်ယောက်သား ဘာဖြစ်နေတာလဲ ...မင်းတို့အရှေ့မှာ ငါရှိသေးတယ် ၊ ငါမသေသေးဘူး ၊ လေးစားမူ ရှိကြစမ်း "
ကင်မ်ထယ်ယောင်းရဲ့ဒယ်ဒီသည် စာပွဲကို လက်ဖြင့် ခပ်ကြမ်းကြမ်းရိုက်လိုက်ပြီး နစ်ယောက်သားကို တားလိုက်သည်။
" တောင်းပန်ပါတယ် အန်ကယ် "
" သွားကြတော့ "
ဂျီမင်အရင်ထွက်သွားလိုက်ပြီး ကင်မ်ထယ်ယာင်းက နောက်က လိုက်သွားတော့
" ဟိုကောင်...ဒူးနာပြီးရထားတဲ့ကောင် မင်းက ဘာလိုမတောင်းပန်တာလဲ ?"
" ဘာကို တောင်းပန်ရမှာလဲ ..သားပြောတာ အမှန်ပဲလေ ၊ ဒယ်ဒီလည်း သိတာပဲ "
" တော်တိတ်..အဖေထက်သားတစ်လမကြီးနဲ့ ၊ ငါက ဒါဆိုဒါလိုက် ၊ ဟိုဟာဆို ဟိုဟာလိုက် ၊ ကန့်လန်တိုက်ရအောင် မင်းနဲ့ငါက ပါတီနစ်ခုက မဟုတ်ဘူး "
" နားညီးတယ် ဒယ်ဒီရာ...."
" ဒီကောင်တော့ .. မွေးရကျိုးလည်းမနပ်၊ ဒူးနာရကျိုးလည်းမနပ် "
🔥 5 🔥
Start from the beginning