"ဆရာရှု ဇာတ်ညွှန်းကို အတည်ပြုလိုက်ပါပြီ။ ဇာတ်ညွှန်းရေးဆရာက နေ့လည်ကျရင် စာချုပ်ချုပ်ဖို့အတွက် ကုမ္ပဏီကို လာပါလိမ့်မယ်" မန်နေဂျာက ရှုယန်ကိုကြည့်ကာ လေးစားစွာဖြင့် ပြောလိုက်သည်။

"ငါသိပါတယ်။ ကုမ္ပဏီက တစ်ပိုင်းကို ယွမ် ၄၀၀,၀၀၀ တောင် ကမ်းလှမ်းထားတာ။ ဘယ်လိုဇာတ်ညွှန်းရေးဆရာမျိုးကမှ လက်မှတ်ထိုးဖို့ ငြင်းမှာမဟုတ်ဘူး" ရှုယန်က အေးစက်သော မျက်နှာမျိုးဖြင့် ခေါင်းငြိမ့်လိုက်ပါသည်။

"ဆရာရှု။ ဒီရုပ်ရှင်ထဲမှာ ခေါင်းဆောင်မင်းသမီးက ဘယ်သူဖြစ်မယ်လို့ထင်လဲဟင်။ ခေါင်းဆောင်မင်းသမီးနေရာအတွက် ပြိုင်ဆိုင်ချင်တဲ့လူတွေ ကုမ္ပဏီထဲမှာ အများကြီး ရှိနေတယ်ထင်တယ်။ ဒီတစ်ခေါက် ရှားဝမ်ချွေ့ ခေါင်းဆောင်မင်းသမီးဖြစ်နိုင်ပါ့မလားမသိဘူး" မန်နေဂျာက ပြောလိုက်ပါသည်။

ရှားဝမ်ချွေ့ ခေါင်းဆောင်မင်းသမီးဖြစ်ရမည် ဆိုသည့်အချက်ကို ကုမ္ပဏီထဲတွင် လျှို့ဝှက်ထားဆဲဖြစ်ပြီး လူအနည်းငယ်သာ သိပါသည်။ ဒီဇာတ်ညွှန်းက အလွန်စိတ်လှုပ်ရှားဖို့ ကောင်းလွန်းသည်။ ကုမ္ပဏီထဲက အမျိုးသမီး သရုပ်ဆောင်တချို့ကလည်း ဇာတ်ညွှန်းကို ဖတ်ကြည့်ပြီး ဒီဒရမ်မာကို ရိုက်ကူးချင်နေပါသည်။

"ဝမ်ချွေ့ ပြိုင်ချင်တယ်ဆိုရင် ဘယ်သူမှ သူ့ကို အနိုင်မရနိုင်ပါဘူး" ရှုယန်က ပြုံးကာ ပြောလိုက်ပါသည်။

"နားလည်ပါပြီ ဆရာရှု။ ကျွန်မ သွားလိုက်ပါဦးမယ်" မန်နေဂျာက အပြုံးလေးဖြင့် ပြောလိုက်ပါသည်။

ရှုယန်က လက်ဖက်ရည်ခွက်ကို ကိုင်ကာ တစ်ငုံသောက်လိုက်၏။သူပျော်ရွှင်နေပြီး စိတ်လှုပ်ရှားနေပါသည်။

"အဲ့ဒီလိုပဲ ငါခေါင်းဆောင်မင်းသား လုပ်ချင်တယ်ဆိုရင် ဘယ်သူမှ ငါ့ကိုအနိုင်မယူနိုင်ဘူး။"

"ဝမ်ချွေ့ မင်းမှာ ဆုံးဖြတ်ခွင့်ရှိနေရင်တောင် ခေါင်းဆောင်မင်းသား လုပ်ဖို့ ကိုယ့်ထက်ပိုပြီး သင့်တော်တဲ့လူ မရှိပါဘူးကွာ။"

"လင်းဖန် အစကတော့ မင်းနဲ့ မျှမျှတတ ယှဥ်ပြိုင်ချင်ပါတယ်။ ဒါပေမယ့် ကံဆိုးစွာနဲ့ မင်းက ငါ့ဘဝနဲ့ အဝေးကြီးမှာ ရှိနေသေးတယ်" ရှုယန်၏ အကြည့်က ဂရုမစိုက်သလို ဖြစ်နေသည်။ ရှုယန်က လက်ဖက်ရည်ကို နောက်တစ်ငုံသောက်ရင်း ခေါင်းခါလိုက်ပါသည်။

သန်းကြွယ်ခြေလှမ်း (လင်းဖန်)Where stories live. Discover now