141. စာကြည့်ဆောင်တွင် လှပသောမြွေက အသနားခံခြင်း

Start from the beginning
                                    

"အဖေ . . " မို့ရွှမ်မင်က သူ့အဖေသည် သူမကို ဤမျှ ကြမ်းကြမ်းတမ်းတမ်းပြောလေ့မရှိသဖြင့် သူမ အံသြသွားခဲ့သည် ။ သူမသည် မိုစုကို လွှတ်လိုက်ပြီး မို့ဟွာဝမ် ရှေ့တွင် လေးလေးနက်နက် ဒူးထောက်ကာ ငိုနေလေသည်။  သူမသည် အားနည်းကာ ဝမ်းနည်းနေပုံရပြီး အနည်းငယ် ကြောက်လန့်နေပုံပေါ်သည်။ 

သူမသည် သူ့အဖေ၏စာနာမှုကို ရယူရန် ဤနေရာတွင် ရှိနေပုံရသည်။  သူမသည် သူ့အဖေရဲ့စိတ်ကို မပြောင်းလဲနိုင်ဘူးဆိုတာ မယုံပါဘူး ။ သူမသာ သူ့အဖေရဲ့စိတ်ကို တကယ်ပြောင်းလဲပစ်ချင်ရင် ဘယ်သူမှ တားနိုင်မှာမဟုတ်ဘူး ။  သနားစရာ ကောင်းတာက ဖေဖေက ဒီကိစ္စကို လျစ်လျူရှုဖို့ ကြိုးစားနေခဲ့တယ်။

မို့ရွှီတုန်းက ငုံ့ကြည့်ရင်း သူ့ကိုယ်သူ အေးစက်စွာ တွေးနေမိသည်။  မို့ရွမ်မင်သည် သနားစရာကောင်းပုံပေါက်ပြီး စာကြည့်ဆောင်သို့မလာမိ မနေ့က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်အတွက် သူ့အဖေက မို့ရွှမ်မင်အတွက် သေချာပေါက် နာကျင်သွားလိမ့်မည် ။  သို့သော်လည်း မို့ရွှမ်မင်၏ အရေခြုံမှုသည် သူမ ဖခင်၏ ဒေါသကို ပိုတိုးစေခဲ့သည်။ အဒေါ်ဖန်၏ မုသားများကို တွေးသောအခါတွင် သူ့အဖေက မို့ရွှမ်မင်ကို သနားနိုင်တော့မည်မဟုတ်ပေ။ 

"မနေ့ညက ဘာလို အပြင်ထွက်သွားတာလဲ ၊ မင်းကို အိမ်ဝင်းထဲမှာနေပြီး ကျမ်းဂန်တွေကို ကူးယူခိုင်းခဲ့တာမဟုတ်ဘူးလား ၊ ဒါမှမဟုတ် မင်းအဖေရဲ့စကားတွေက ဘာမှအဓိပ္ပာယ်မရှိဘူးလို့ မင်းထင်ပြီး မင်းလုပ်ချင်တာလုပ်လို့ရတယ်လို့ ထင်နေတာလား ?”

မို့ဟွာဝမ်သည် မို့ရွှမ်မင်၏ မျက်ရည်ကျသောအမူအရာကိုမြင်သောအခါ လုရှကွယ်လွန်သည့်နေ့တွင် အဒေါ်ဖန်၏မျက်နှာတွင် မျက်ရည်များပြည့်နေပုံကို သူတွေးမိသည်။ တုန်းအာဟာ ရက်စက်ကြမ်းကြုတ်ပြီး သခင်မလုရဲ့ အိမ်အကူ ရင်ချန်ကို သေလုနီးပါး ရိုက်နှက်ခဲ့တယ်လို့ အဒေါ်ဖန်က ပြောခဲ့တယ်။ သူသည် သူခံစားရသော ဒေါသကြောင့် မထိန်းနိုင်ပဲ ပြင်းပြင်းထန်ထန် မတ်တပ်ထရပ်လိုက်သည် ။ ထိုနောက် လက်ကို စားပွဲပေါ်ပစ်တင်၍ အော်ဟစ်နေလေသည်။ 

စွဲမက်ဖွယ်ကောင်းသော မိန်းမပျိုလေးအဖြစ် ပြန်လည်မွေးဖွားခြင်းWhere stories live. Discover now