Rosé စိတ်ကိုလျှော့ပြီး ပြန်ချော့ပြောလိုက်သည်

"ငါတစ်လလောက်မရှိတော့ နင်နဲ့ကုမ္မဏီကဘာဖြစ်သွားမှာမလို့လဲ အဲ့လောက်လေးကိုဖြစ်ပျက်နေတာ ငါမရှိရင်ဘာမှမလုပ်တတ်တော့ဘူးလား"

Rosé အကြာကြီးငြိမ်သက်နေမိသည် သူ့ပုံစံကပေါက်ကွဲတော့မည့် မီးတောင်ကြီးအတိုင်းပါ Lisa က Chaeyoung ကိုကြည့်ပြီး သူ့စကားကလွန်သွားပြီဆိုတာသိလိုက်သည်

"အင်း နင့်သဘောပဲ"

2မိနစ်ခန့်ကြာမှထွက်လာသည့် Chaeyoung ၏အသံ......

ဘာမှဖြစ်ပုံမရပဲ ထသွားသည်ကြောင့် Lisa စိတ်တော့အေးသွားရသည် သူဒီမှာနေခဲ့မယ်လို့ပြောလို့ အတင်းလိုက်ခဲ့ဖို့ပြောနေတာကြောင့် Lisaအနည်းငယ်စိတ်တိုသွားတာဖြစ်သည်


"အမှန်တကယ် ဒီရောက်တာနဲ့ ကမ်းခြေတွေအရင်သွားမယ်လုပ်ထားတာ အခုမှရောက်ဖြစ်တော့တယ်"

Hawaii ကိုရောက်တာ 5ရက်ရှိပြီဖြစ်သော်လဲ Meeting တွေနဲ့ Party တွေကြောင့် ပင်လယ်ဘက်ကိုအခုမှလာတော့သည် Juneလလယ်ဖြစ်တာ‌ကြောင့် နေ့လယ်ဘက်လာလျှင် ပူလောက်ပေမဲ့ ညနေ4နာရီထိုးခါနီးမလို့ နေအေးသည် Lisaလန်းဆန်းသွားသည်

"Rubyတို့က ဘယ်အချိန်လောက်လာမလဲမသိဘူး အာ ငါ့ Mobile Phone မယူခဲ့ရဘူးပဲ ယူပြီး Ruby စီကဖုန်းနံပါတ်ဖြစ်ဖြစ်တောင်းရမှာ"

Lisa ကသူ၏ ဂျင်းဘောင်းဘီအိတ်ကပ်ထဲ ဖုန်းကိုစမ်းကြည့်မိတော့ ဝယ်ကာစ အသစ်ပေါ်Nokia ဖုန်းလေးပါမလာတာကြောင့် စိတ်ညစ်သွားပြန်သည်

"ဟားဟားဟား"

"Irene ya come-on"

"Okay Okay နောက်တစ်ခါပေါ့ ဟုတ်ပြီလား"

Lisa နှင့် ခပ်လှမ်းလှမ်းကမိန်းကလေး3ဦးသည် အခုမှကားပေါ်ကဆင်းလာပြီး စကားတစ်ပြောပြောနှင့် အုန်းပင်တွေနားက စက်ဘီးတွေစီဦးတည်သွားနေတာမြင်ရသည် လောလောဆယ် ဒီကမ်းခြေမှာLisaအပါအဝင် 4ယောက်ထဲရှိ‌နေသည်

"Nah မရဘူးနော် Wednesday နင်အားတယ်မလား"

"အားပေမဲ့ အခုတော့ စက်ဘီးချိန်းကြိုးကျနေတယ် Jennie ya နင်ပြန်တပ်တတ်လား"

LocoWhere stories live. Discover now