"ဒီနေ့လည်း ဂယူဗင်း အစောကြီးလာတယ်နော်"
"မစောပါဘူး ပုံမှန်အချိန်ပဲမလား"
မနက်၇ နာရီဟာ စောလား မစောဘူးလား ဆိုတာ
ဂယူဗင်း မသိ။ ဒီရက်တွေအတွင်း ဂယူဗင်း
အခြေနေဟာ ကမောက်မကဖြစ်သည်။
စားချိန်၊သောက်ချိန်မမှန်။
အိပ်ဖို့ကြိုးစားတိုင်း အိပ်မပျော်။
မှေးကနဲ အိပ်ပျော်သွားရင် လန့်နိုးလာတတ်သည်။
အိပ်မက်ထဲမှာ တစ်ယောက်ယောက်က
သူ့ကို ထားသွားတယ်တဲ့။အကြီးကျယ်ရန်ဖြစ်ကြပြီး အတိအကျပြောရရင်
ဟိုကဘက်လူကသာ တစ်ယောက်တည်း
ဒေါသတွေထွက်၊ မျက်ရည်တွေကျကာ
ပူဆွေးနေတာဖြစ်သည်။ ထို့နောက် ပျောက်ကွယ်သွားသော ကျောပြင်ကို နောက်ဆုံးအကြိမ်
မြင်လိုက်ရတာ ဖြစ်သည်။
ဂယူဗင်း လိုက်ဆွဲသော်လည်း မမိ။
ထိုအချိန်ရောက်တိုင်း အလန့်တကြား
လန့်နိုးတတ်သည်။လန့်နိုးလာတဲ့ အချိန်တိုင်း ဖုန်းလှမ်းဆက်ဖြစ်သည်။
အရမ်းနောက်ကျတဲ့ အချိန်မျိုးဆို စာတိုလေး
လှမ်းပို့သည်။စိတ်သက်သာရာရသွားပြီးဆိုမှ
ပြန်အိပ်ပျော်သည်။နာရီလက်တံသည် တစ်တောင် တောင်
နဲ့ ရွေ့သွားပုံက မြန်သည်။ စက္ကန့် ထိုမှတစ်ဆင့်
မိနစ်၊ နာရီ။ ရုံးဆင်းချိန်ရောက်ရင် ဘယ်မှမသွားဘဲ
အိမ်တိုင်းပြန်သည်။ အမောပြေစရာလေးက
အိမ်မှာရောက်နေရင် သူ့ကို စောင့်နေရမှာ။"ကျွန်တော် ရုံးဆင်းပြီ၊အစ်မ "
"အေး ဂယူဗင်း ကောင်းကောင်းပြန်နော်"
အသိမှတ်ပြုသလို ခေါင်းငြိမ့်ပြလိုက်သည်။/မောင် အခု ဘတ်စ်ကားဂိတ်မှာ/
/မင်း တစ်ခုခုစားချင်တာရှိလား//ကားလာနေပြီ ပြန်လာရင်တွေ့မယ်/
အိမ်သို့ပြန်ရောက်သောအခါ ရှုပ်ပွနေတဲ့
မြင်ကွင်းက ဆီးကြိုသည်။"ဆိုးလိုက်တာ ခီရှန်ရာ မောင်က
အခုမှအလုပ်ကပြန်လာတာကို အိမ်အလုပ်လေးတောင် မကူပေးထားဘူး"ပြောပြောဆိုဆိုနဲ့ သက်ပြင်းမော တစ်ချက်ချပြီး
သိမ်းစရာရှိတာကို သိမ်း။လွှားစရာရှိတာကို
လွှားရသည်။
YOU ARE READING
When will you come back <3
Fanfiction'သို့ ဂယူဗင်း ' အနှောင့်ယှက်မဖြစ်ဘူးဆိုရင် သူငယ်ချင်း အဖြစ်ကနေ အဆင့်တက်ခွင့်လေးများ ရနိုင်မလား '