မင်းဆက်ဝဏ္ဏ,အရှင့်သားကိုအကြာကြီးငေးကြည့်လိုက်ပြီးနောက်စိတ်မထိန်းနိုင်တော့ပဲနုတ်ခမ်းနုနုလေးကိုမွတ်မွတ်သိပ်သိပ်နမ်းရှိုက်ပြစ်လိုက်သည်။ကာကွယ်ရေးတာဝန်တွေအများကြီးကိုတာဝန်ယူရပြီးတဲ့နောက်မှာအရှင့်သားကိုတွေ့နိုင်ဖို့ခက်ခဲလာခဲ့သည်။သူ့ရဲ့ကင်းအလှည့်မရောက်မချင်းရဲမက်တွေနဲ့သာအပြင်းအထန်လေ့ကျင့်ရင်းနေ့ရက်တွေကိုကုန်ဆုံးရသည်။အရှင့်သားနန်းတက်တဲ့အခါခိုင်မာတဲ့စစ်တပ်အဖြစ်ရပ်တည်ပြီးလုံလုံလောက်လောက်ကာကွယ်ပေးနိုင်ဖို့နှစ်ဆတိုးကာသေမတတ်ကြိုးစားနေပေမယ့်အရှင့်သားကတစ်ခြားလူရဲ့ရင်ခွင်ထဲမှာသာယာနေတယ်ဆိုတဲ့အသိကသူ့နှလုံးသားကိုညှစ်ချေနေသလို။

'အရှင့်သားကိုတစ်ယောက်ထဲပိုင်ဆိုင်ရဖို့ကျွန်တော်မျိုးဘယ်လောက်ထိသန်မာရမလဲ'

"အင့်..ငါ..အင့်..ပင်ပန်းနေသေးတယ်ထပ်ပြီးမလုပ်ချင်တော့ဘူး"

"အရှင့်သားသဘောအတိုင်းပါ"

မင်းဆက်ဝဏ္ဏကနုတ်ခမ်းကိုလွှတ်ပေးလိုက်တော့အရှင့်သားကပြန်အိပ်ပျော်သွားသည်။

'ဘယ်လောက်တောင်ပင်ပန်းနေလိုက်မလဲ..ဒီပင်ပန်းမှုကရောဘာ​လို့သူ့ကြောင့်မဟုတ်ရတာလဲ'

ကပိုကယိုအိပ်မောကျနေတဲ့အရှင့်သားရဲ့ရင်ဘတ်မှာတော့ချစ်ချင်းအမှတ်အသားတွေပြည့်နှက်နေသည်။မျက်ခွံမို့မို့လေးကတစ်ညလုံးငိုထားရမှန်းသိသာလှစွာ။

'အရှင့်သားအရမ်းချစ်ဖို့မကောင်းပါနဲ့..ကျွန်တော်မျိုးရူးသွားလိမ့်မယ်"

ကုတင်ပေါ်တက်ပြီးလှဲချလိုက်ကာကိုယ်လုံးနွေးနွေးလေးကိုရင်ခွင်ထဲထည့်ဖက်ထားလိုက်တော့အေးနေပုံရတဲ့အရှင့်သားကသူ့ရင်ခွင်ထဲတိုးဝှေ့လာကာကျေနပ်နေတဲ့အသံသေးသေးလေးတွေထုတ်လွှတ်လာသည်။

'အရှင့်သားရာ!'

"ဟင့်..ဟင့်!!အရှင်မင်းကြီးရေ!"

ငိုယိုကာအခန်းထဲပြေးဝင်လာတဲ့ကုန်းကုန်းကြောင့်ဘုရင်ကြီးကအရေးကြီးတဲ့အစီရင်ခံစာတွေကိုပြစ်ချကာလူကောင်သေးသေးလေးကိုဆွဲဖမ်းလိုက်သည်။

ဘုရင်ကြီးရဲ့အနောက်ဆောင်ကအန္တာယ်များလွန်းတယ်!Where stories live. Discover now