ညို့(part-16)

1.8K 103 2
                                    

တာရာ နိုင်ငံခြားတွင် တက္ကသိုလ်ဆက်တတ်ခဲ့သည်။
နိုင်ငံခြား လူနေမှုဘဝနှင့် တာရာအသားမကျသေးပေ။ တိုက်ဆိုင်မှု တစ်ခုခုရှိလာသည်သာမက ညတိုင်းလိုလို ညို့ကို သတိရမိသည်။

မနက်ဘက် စောစောထဖို့ နှိုးစက်သံမြည်ရင် တာရာ့ကို နှိုးနေကြ ညို့အသံလေးကို သတိရမိသည်။ ရေချိုးပြီး ကော်ဖီသောက်ပြန်တော့လည်း ကော်ဖီအများကြီး မသောက်ဖို့မှာခဲ့တာလေးကိုလည်း သတိရမိပြန်သည်။ ကျောင်းသွားပြန်တော့လည်း တာရာ့ကိုကျောင်းလိုက်ပို့ပေးနေကြ ညို့ကားလေးကို မြင်ယောင်လာမိပြန်သည်။

ကျောင်းမှာ နေ့လည်စာစားတော့လည်း အမြဲခွံကျွေးနေကြ ညို့လက်တစ်စုံကို သတိရမိပြန်သည်။ ဂီတာတီးဝောာ့လည်း ညို့ကို တီးပြနေကြ သီချင်းလေးတွေကိုဘဲတီးမိသည်။ ‌တစ်ခါတစ်လေ ဆေးလိပ်တွေသောက်မိပြီး ညို့မကြိုက်ဖူး ဆိုတဲ့အသိက ဝင်လာ၍ ဆေးလိပ်ကို ချက်ချင်းမီးသတ်မိပြန်သည်။

ညဘက် ခေါင်းလျှော်ခါနီး ညို့ကိုခွင့်တောင်းရမယ်ဆိုတဲ့ အသိစိတ်က ပေါ်လာပြန်သည်။ စောင်မခြုံဘဲ အိပ်မိရင် ညို့လာခြုံပေးမှာဘဲဆိုပြီး စိတ်ကစွဲ‌လန်းနေမိသည်။ တစ်ခါတစ်လေ အိပ်မရတဲ့ညတွေဆို ပထမဆုံး အဖြေပြန်ပေးတုန်းက ညို့ကိုယ်တိုင်စွပ်ပေးခဲ့သော လက်စွပ်လေးကိုထိုင်ကြည့်ကာ လွမ်းရပြန်သည်။

ဒီမှာနေလာတာ 10ကျော်ကြာခဲ့ပြီ။ တနေ့မှ ညို့ကိုလွမ်းတဲ့စိတ်ကိုဖျောက်လို့မရပေ။ အမှန်တိုင်းဝန်ခံရမည်ဆိုလျှင် ဖုန်းထဲက ညို့ဓာတ်ပုံလေးတွေ ဖုန်းwallpaperလေးတွေ ပိုက်ဆံအိတ်ထဲက ဓာတ်ပုံလေးကအစ လွန်ခဲ့တဲ့10နှစ်ကအတိုင်း ရှိနေခဲ့သည်။

တာရာအခု ဆံပင်တွေလည်းရှည်လာခဲ့ပြီ။ ဆရာဝန်တစ်ယောက်လည်း ဖြစ်နေခဲ့ပြီ။ တာရာ့အသက်တောင် 28နှစ်ရှိပြီ။ ခုချိန်ထိ မရင့်ကျက်နိုင်သေး‌ပေ။ ညို့ကိုလည်း မေ့မရသေးပေ။

*နိုင်ငံခြားကို ထွက်လာလိုက်ရင် မောင်ညို့ကို‌ မေ့သွားမယ်ထင်ခဲ့မိတာ အဲ့မှာ စလွဲတော့တာဘဲ။*

တာရာ့ကို ရန်ကုန်က ဆေးရုံတစ်ခုက ကမ်းလှမ်းလာသဖြင့် တာရာလည်း မြန်မာနိုင်ငံသို့ပြန်လာခဲ့သည်။
မာမီနဲ့ အန်တီမေက ပြင်သစ်မှာ အခြေချနေထိုင်နေကြသဖြင့် ရန်ကုန်က အိမ်ဟာ ဒီတိုင်းရှိနေသည်။

ညို့Where stories live. Discover now