အခန်း ၈၉(အပျော်တမ်း ဖဲရိုက်ကြတာပေါ့... )

Beginne am Anfang
                                    

“ ဟုတ်သားပဲ ။ ချန်း... တစ်ပွဲနှစ်ပွဲလောက် ပါလိုက်ပေါ့... ” လင်ကွေ့ရန်လည်း ပြောလာသည် ။

“တစ်ပွဲ နှစ်ပွဲလောက်ကတော့ အဆင်ပြေပါတယ်...”  အားလုံးက ဝိုင်းပြောနေသည်မို့ လင်ချုရွယ်လည်း မတားလိုတော့ ။ သူ့ အဖေလည်း စိတ်ပါနေသည်မို့ ရှုချန်းလည်း တစ်ပွဲလောက် ဝင်ဆော့သင့်ပေသည် ။

ရှုချန်း ခေါင်းညိတ်လိုက်သည်။

‘ဟမ့် တဲဗက်စ်...မင်း ဒီလောက် လိုလိုလားလား တောင်းဆိုနေမှတော့ နောက်ဆက်တွဲ ဖြစ်ရပ်အတွက် ငါ့ကို အပြစ်မတင်နဲ့တော့...’

ထိုစဥ် တဲဗက် ရုတ်တရက် မေးလာသည် ။

“ဒါနဲ့ မင်း ဘယ်လို ဆော့ရမလဲဆိုတာကော သိလား..”

“မသိဘူး...ဟွာရှပိုကာ ဆိုရင်ကော... အိုး ဆောရီး ခင်ဗျားတို့တွေ အနောက်တိုင်း ပိုကာ ဆော့မှာတော့ မဟုတ်ဘူး မလား ။ ဒီကစားနည်းတွေက နောက်ပိုင်းမှ ခေတ်စားလာတာဆိုတော့ ကျုပ် သိပ်မသိဘူး ... ”

ရှုချန်း ပြောချင်သည်ကတော့ ရှင်းသည် ။ ကိုယ့်နေရာ နှင့် ကိုယ်နေ ဟု ဆိုလိုက်ခြင်း ဖြစ်ကာ ရောမ ရောက် ရောမ လို ကျင့် ဟုလည်း အဓိပ္ပါယ် သက်ရောက်သည်။

တဲဗက် မျက်မှောင်တစ်ချက် ကြုံလိုက်ပြီး ...
“ကောင်းပြီလေ .... ငါ ဒီကို လာပြီး ကာစီနိုရုံ ဖွင့်ဖြစ်မှတော့ ဒီက ကစားနည်းတွေကိုလည်း မသိစရာ အကြောင်းမှ မရှိတာ...ဒီက ပိုကာ ကစားနည်းနဲ့လည်း ရင်းနှီးတယ်... ”

“ ဟုတ်ပြီ...မင်း နားလည်မှတော့ တစ်ပွဲနှစ်ပွဲလောက် ကံစမ်းကြည့်လိုက်ကြတာပေ့ါ...” ရှုချန်း ပြုံးလိုက်၏။

“ကောင်းတယ်... ငါလည်း ဒီပိုကာ ကစားနည်း မဆော့တာ ကြာြပီ ... ဆော့လိုက်ကြတာပေါ့...” လင်ကွေ့ရန် ရယ်မောကာ ဝင်ပြောလာသည် ။

တဲဗက်က ဖဲဝေသူ တစ်ယောက် အား ခေါ်လိုက်ပြီး ကဒ် အသစ် တစ်ထုတ် ဖောက်စေသည် ။ ပြီးနောက် နေရာထိုင်ခင်း ပြင်ဆင်လိုက်ကာ ဖဲထုတ် အား ချပြစေလိုက်၏ ။

ဖဲဝေသူက....
“ ကျေးဇူးပြုပြီး ခုံကို စစ်ဆေးကြပါ ။  လူကြီးမင်းတို့ကို လေးစားမှု ပြသလိုတဲ့ အတွက်ကြောင့် ဖဲချပ်တွေနဲ့ ပက်သက်ပြီး မဟုတ်တာ ဘာတစ်ခု မှ မလုပ်ထားပါဘူး ။ စိတ်ကြိုက်သာ စစ်ဆေးပါ ... ”

နတ်နဂါးစစ်သည်Wo Geschichten leben. Entdecke jetzt