အခန်း ၈၅ ( ရှုချန်း လုပွဲ )

Start from the beginning
                                    

အဆက်မပြတ်တီးနေသော ဟွန်းသံကြောင့် စစ်ဒေသငါး ကြီးကြပ်ရေးမှူး ဒေါသထွက်သွားကာ လက်ပစ်ဗုံးဖြင့် ထပစ်ချင်စိတ်ပင် ပေါ်ခဲ့သည်။ သို့သော် ရောက်ရှိလာသူများကို မြင်လိုက်ရသည့်အခါ “ကြည့်စမ်းပါဦး... ဘယ်ကောင်တွေလဲလို့... ထိပ်တန်းစစ်ဒေသ ရှစ်က ဂုဏ်ထူးဆောင် ညွှန်ကြားရေးမှူးက ကျုပ်ရဲ့နိမ့်ကျတဲ့ စစ်ဒေသလေးကို ဘာကိစ္စကြောင့် ရောက်လာပါသလဲ...”

စစ်ဒေသရှစ် ညွှန်ကြားရေးမှူးက  “ငါ မင်းကို ပြောစရာရှိတယ်...”

“တော်လိုက်တော့... နှစ်တိုင်း ငါတို့အဖွဲ့ကို မင်း အနိုင်ကျင့်လာတာ... ငါ့မှာ မင်းကိုပြောစရာစကား မရှိဘူး... မင်းလိုကောင်အတွက် ငါ့ရဲ့ လက်ဖက်ခြောက်တွေ မဖြုန်းနိုင်ဘူး...”

“မင်းကလည်း လာစမ်းပါကွာ...”

စစ်ဒေသရှစ် ညွှန်ကြားရေးမှူး ရုံးခန်းအတွင်းသို့  ဦးစွာဝင်လိုက်၏။ ထို့ကြောင့် စစ်ဒေသငါး ကြီးကြပ်ရေးမှူးလည်း နောက်မှ ဝင်လိုက်သွားကာ တံခါးကိုပိတ်လိုက်သည်။

“ဘာပြောမလို့လဲ...”

စစ်ဒေသရှစ် ကြီးကြပ်ရေးမှူးသည် ရှုချန်း၏ ကိုယ်ရေးအချက်အလက်ဖိုင်ကို စားပွဲပေါ်သို့တင်လိုက်ပြီး “သူ့ကို ငါတို့ စစ်ဒေသရှစ်က လိုချင်တယ်...”

“ငါ မင်းကို ပြောပြီးပြီမဟုတ်လား... ဒီကောင့်ကိုပေးလို့မရဘူး...”

စစ်ဒေသရှစ် ညွှန်ကြားရေးမှူး ရယ်မောလိုက်ကာ ....
“သူ့ကိုပေးလိုက်စမ်းပါ... မင်းတို့စစ်ဒေသက နှစ်တိုင်း ပြိုင်ပွဲမှာ ရှုံးနေတာလေ... သူ့ကို ငါ့ဆီသာ ပေးလိုက်ရင် ငါတို့ စစ်ဒေသ ဒီနှစ်ပြိုင်ပွဲမှာ ထိပ်ဆုံးသုံးဖွဲ့ထဲပါမှာ အာမခံတယ်... ထိပ်ဆုံးသုံးဖွဲ့မှာပါရင် သူ့ရဲ့ စွမ်းဆောင်ရည်တွေကိုလည်း ပိုပြဖို့ အခွင့်အရေးရလိမ့်မယ်... ဒါဆိုရင် သူ့အနာဂတ်က ပိုကောင်းမယ် မဟုတ်ဘူးလား...”

စစ်ဒေသရှစ် ညွှန်ကြားရေးမှူးနှင့်အတူ ပါလာသောသူကလည်း....
“အဆင်ပြေမယ်မဟုတ်လား... သူ့ကို စစ်ဒေသရှစ်ကို ပေးလိုက်ပါ... အခုချိန်မှာ မဆုံးဖြတ်ရသေးပေမဲ့ သူ့ကို ငါတို့က တောက်ပတဲ့အနာဂတ်တခု ပေးနိုင်ပါတယ်...”

နတ်နဂါးစစ်သည်Where stories live. Discover now