အခန်း(၅၀၀) ထျန်းကုံ

430 55 0
                                    

အခန်း(၅၀၀) ထျန်းကုံ

လန်နီက ရင်ဘတ်မှ နာကျင်မှုကို တောင့်ခံရင်း လက်ကို ဝေ့လိုက်သည်။ သူက အလျင်စလို ပြုမူပြီး ဘာမှမရှင်းပြဘဲ ခေါင်းတလားကို ထုတ်လာသည့် သူ့ကိုယ်သူသာ အပြစ်တင်ရမည်။ တာ့ယန်တွင် ထိုအပြုအမူမျိုးက အင်မတန် မယဉ််ကျေးရာ ရောက်ပေသည်။

လန်နီ၏ လက်အောက်ငယ်သား တစ်ယောက်က အဖုံးကို ဖွင့်ကာ စာအုပ်ထူထူ တစ်အုပ်ကို ထုတ်လာပြီး လုကျိုးထံ ရိုရိုကျိုးကျိုး ပေးလိုက်သည်။

လုကျိုးက စာအုပ်အား ကြည့်လိုက်ပြီးနောက် “ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်စဉ်လား ”

တာ့ယန်၏ လမ်းမများအထက် ရောင်းချသည့် စာအုပ်များနှင့် ဆင်တူလေသည်။ သူတို့က ပုံမှန်အားဖြင့် အလိမ်အညာများသာ ဖြစ်ကြ၏။

လန်နီက အလျင်စလို ပြောလိုက်သည်။

“ လွန်ခဲ့တဲ့ နှစ် ၁၉၀၀ တုန်းက ကျုပ်ဘိုးဘေးတွေက ဒီခေါင်းတလားကို မြောက်ပိုင်းနယ်စပ်က ကမ်းစပ်မှာ ရှာတွေ့ခဲ့တာပါ။ ကျုပ်ဘိုးဘေးရဲ့ ကိုယ်ရေးမှတ်တမ်းထဲမှာ ဒီခေါင်းတလားထဲ နေဖူးတဲ့ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူ ရှိခဲ့ဖူးတယ်လို့ ပြောထားတယ်”

မင်ရှစ်ရင်က ထေ့ငေါ့ကာ ပြောလိုက်သည်။ “ ကောင်းပြီလေ။ ခင်ဗျားကို ယုံလိုက်မယ်”

လန်နီက ရှင်းရှင်းလင်းလင်း ထပ်ပြောလိုက်သည်။ “ဘွန်အာ မိသားစုနာမည်နဲ့ ကျိန်ဆိုရဲတယ်။ တကယ်လို့ ကျုပ်စကားမှာ အလိမ်အညာနည်းနည်း ပါသရွေ့ ကျုပ်မိသားစုက မျိုးဆက်တိုင်း ကျွန်အဖြစ် အသက်ရှင်ရပါစေသား ”

“ ဝိုး … လောကြီးလိုက်တာ ” မင်ရှစ်ရင်က သူ့အား လက်မထောင်ပြလိုက်သည်။

လန်နီက အသံတိုးသွားပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ “အဲဒီကျင့်ကြံသူက ရို့လီထဲ တစ်လတာ နေသွားတယ်။ သူက စာအုပ်တချို့ယူဆောင်လာပြီးတော့ ရို့လီမှာ ချန်ထားခဲ့တာ။ ကျုပ် ကြားတာတော့ သူက တာ့ယန်ဆီ ရောက်လာတယ်တဲ့။ အဲဒီနောက် သူ့အကြောင်းကို ထပ်မကြားရတော့ဘူး ”

လန်နီ၏ ဇာတ်ကြောင်းတွင် ဟာကွက်များစွာ ရှိနေလေသည်။ အကယ်၍ ပွင့်ချပ်ကိုးလွှာအဆင့် ကျင့်ကြံသူသာ ရှိနေခဲ့လျှင် လွန်ခဲ့သည့် နှစ် ၁၉၀၀ ခန့်က သူ့အား ကျော်ကြားသည့် ပါရမီရှင်အဖြစ် မည်သူကမှ အဘယ်ကြောင့် မချီးမြောက်ကြသနည်း။ သူ့ကို သမိုင်းကြောင်းတွင် အဘယ်ကြောင့် ထည့်မပြောခဲ့ကြသနည်း။ သူတို့က ကျင့်ကြံရေးလောကအတွင်း သူ့အကြောင်း ကောလဟာလပင် မကြားဖူးပေ။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ (Book 3)Where stories live. Discover now