အခန်း(၄၀၂) ယွီကျန့်ဟိုင်က ကစားပွဲကို ပြောင်းပြန်လှန်နိုင်တယ်

532 62 0
                                    

အခန်း(၄၀၂) ယွီကျန့်ဟိုင်က ကစားပွဲကို ပြောင်းပြန်လှန်နိုင်တယ်

သစ်ပင်များပေါ်မှ ကျင့်ကြံသူများက ဝံပုလွေဘုရင်ကို စိုက်ကြည့်နေကြသည်။

တစ်ယောက်က ကျိန်ဆဲလိုက်၏  “ တခြားမျိုးနွယ်စုတွေက အနိုင်ကျင့်တဲ့သူတွေချည်းပဲ။ သူတို့က စက်ဆုပ်စရာကောင်းတယ်။ ငရဲဂိုဏ်းက မိစ္ဆာလမ်းစဉ်ကဆိုပေမဲ့ တခြားမျိုးနွယ်စုတွေကို ဆန့်ကျင်ဖို့ သိတတ်သေးတယ်။ စတုတ္ထမင်းသား လျိုပင်းက တခြားမျိုးနွယ်စုတွေနဲ့ ပေါင်းဖို့ ဘယ်လိုများတွေးမိတာလဲ ”

“သူတို့က ဘာလို့ အစီအရင် အသက်မသွင်းသေးတာလဲ”

“ သူတို့ မလုပ်နိုင်သေးဘူး။ ငရဲဂိုဏ်းက မြို့ကို အလွယ်လေး အုပ်စိုးနိုင်တာက အစီအရင်အားလုံး အသက်မဝင်တော့လို့ပဲ။ တကယ်လို့ စတုတ္ထမင်းသားရဲ့ စစ်သူကြီးခြောက်ယောက်သာ ဒီမှာရှိနေရင် ငရဲဂိုဏ်းတော့ ဒုက္ခရောက်သွားနိုင်တယ်”

သူတို့က ဆက်ဆွေးနွေးလိုက်ကြသည်။ သူတို့ထဲ အားအကောင်းဆုံးက ဗြဟ္မာပင်လယ် ချီသွေးကြောရှစ်ခုအဆင့်သာ ရှိသေး၏။ သူတို့က ဘာအကူအညီမှ မဖြစ်ပေ။ အလွန်ဆုံး သူတို့အနေနှင့် တိုက်ပွဲ အဆုံးသတ်ခါနီးအခါမှ ပါမွှားလေးများကို ကူညီသုတ်သင်နိုင်လိမ့်မည်။

ယန်ယန်းက လေထဲတွင် ပျံဝဲနေသည်။ သူ့ရှေ့ရှိ ရို့လီ လက်ရွေးစင်များကို ကြည့်ကာ မျက်မှောင်ကြုတ်လိုက်သည်။

ထိုစဉ် ယွီဟုန်က ယခင်လောက် စိတ်ဓာတ်မတက်ကြွတော့ပေ။ လေထဲ ပေါက်ကွဲသံအကျယ်ကြီး ထွက်လာပြီးနောက် သူက လွင့်စဉ်သွားကာ မြို့တံတိုင်းနှင့် ထိမှန်သွားလေသည်။

မြို့တံတိုင်းက ပျက်စီးသွားသော်လည်း အလွန်ကျစ်လျစ်နေသောကြောင့် ပြိုကျမသွားပေ။

ယွီဟုန်က မြေပေါ် ပြုတ်ကျလာသည်။ သူက လက်တစ်ဖက်တည်းဖြင့် ထိန်းထားလိုက်ပြီးနောက် သွေးတစ်ပွက် အန်လိုက်ရလေသည်။

ငရဲဂိုဏ်းက ယခု ဆုံးရှုံးမှု ကြုံတွေ့နေရ၏။ သူတို့ပြိုင်ဘက်များလည်း အခြေအနေ မကောင်းကြပေ။ နှစ်ဖက်လုံးက အတူတူသာ ဖြစ်၏။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ (Book 3)Where stories live. Discover now