အခန်း (၄၉၉) ခေါင်းတလားထဲက ပွင့်ချပ်ကိုးလွှာအဆင့်ပေါ်က စာအုပ်တွေလား

Start from the beginning
                                    

ဆိုရိုးစကားရှိသည့်အတိုင်း သံသယရှိသည့်အယောင်ဆောင်များ သယ်လာသည့်လက်ဆောင်ကို သတိပြု။ သူတို့က မကောင်းသည့်ရည်ရွယ်ချက်များရှိနေနိုင်သည်။

မင်ရှစ်ရင်က ခေါင်းကုတ်ပြီး အဝေးကိုကြည့်ကာပြောလိုက်၏။

"အမ်း ... ဘာလဲ။ ခင်ဗျား ဘာပြောလိုက်တာ။ ခင်ဗျားပြောတာနားမလည်ဘူး” ထိုသို့ပြောပြီးနောက် သူသည် အခြားတစ်ဖက်သို့ ပြန်ထွက်သွား၏။

“ဒါ အရေးကြီးတယ်။ ကျေးဇူးပြုပြီးတွေးပေးပါ” လန်နီကချက်ချင်းပြောလိုက်၏။

မင်ရှစ်ရင်သည် မီတာများစွာအထိပျံသန်းသွားပြီးနောက် လေထဲတွင်ပျံဝဲနေ၏။ သူက နောက်လှည့်ကြည့်ကာ ပြောလိုက်တော့သည်။

“ဘယ်လောက်အရေးကြီးလဲ မိုးပြိုနေပြီလား”

“…” လန်နီက ဆွံ့အသွား၏။ သို့သော် သူက ပြောလိုက်၏။

“အဲ့လိုတော့မဟုတ်ဘူး”

“ဒါဆိုဘာမှစိုးရိမ်စရာမရှိဘူး” ပြီးနောက် မင်ရှစ်ရင်က လှည့်ထွက်သွားကာ ခမ်းနားသောကျင့်စဉ်ကို ထုတ်ဖော်လျက် သူတို့အမြင်အာရုံရှေ့ကနေ ပျောက်ကွယ်သွား၏။

လန်နီသည် မှင်တက်နေသောအမူအရာဖြင့် ရွှေနန်းဥယျာဉ်တောင်၏အရံအတားကို ငေးစိုက်ကြည့်ပြီး ကျန်နေခဲ့သည်။ သူ ဒေါသထွက်ပုံ မရပေ။ ဆန့်ကျင်ဖက်အနေဖြင့် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ပွင့်ကို တွေ့လိုက်ရသည်။

“တာ့ယန်ရဲ့လူတွေအများကြီးနဲ့စကားပြောခဲ့ဖူးတယ်။ ဒါပေမဲ့ သူ့လို သမားရိုးကျမဟုတ်တဲ့သူနဲ့ တစ်ခါမှ မတွေ့ဖူးဘူး။ စိတ်ဝင်စားစရာကောင်းတဲ့ကောင်ပဲ”

“ခေါင်းဆောင် အားသုံးပြီး ဖောက်ဝင်သင့်လား” လန်နီ၏လက်အောက်ငယ်သားများထဲမှ တစ်ယောက်က ပြောလိုက်သည်။

“မင်း စိတ်လွတ်သွားပြီလား။ ဒါက မိစ္ဆာဝေဟင်မျှော်နန်း ... ငါတို့တိုက်ခိုက်ဖို့ ဒီကိုရောက်လာတာ မဟုတ်ဘူး။ ဒါ့အပြင် ဒီအရံအတားက သာမန်မဟုတ်ဘူး။ ငါတို့တွေ အလွယ်တကူ ဖြိုခွဲနိုင်မှာ မဟုတ်ဘူး”

“ဒါဆိုကျွန်တော်တို့ ဘာလုပ်သင့်လဲ”

“စောင့်” မွန်းတည့်ချိန်၌ မင်ရှစ်ရင်က ပြန်လာပြန်၏။ သူ လေထဲ ပျံသန်းနေချိန်တွင် လန်နီနှင့် ကျန်သည့်သူများ တောင်ခြေတွင် စောင့်နေသေးဆဲဖြစ်တာကိုတွေ့လိုက်ရသည်။

ငါ့တပည့်တွေအကုန် ဗီလိန်တွေချည်းပဲ (Book 3)Where stories live. Discover now