"နေနေ ဆရာနွေးကျွန်တော်လုပ်မယ်"
"ရပါတယ် ကိုယ်လုပ်လိုက်ပါ့မယ်"
"ကျွန်တော်လုပ်မယ်"
"ကိုယ်လုပ်မယ်"
"ကျွန်တော်လုပ်မယ်လို့"
"ကိုယ်လုပ်မယ်လို့"
"ဟုတ်ပါပြီဗျာ ကျွန်တော်မျိုးအရှုံးပေးပါတယ် ဆရာနွေးပဲလုပ်လိုက်ပါတော့"
"ဟား ဟား"
နှစ်ယောက်သားတစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ရယ်နေမိကြသည်။ဘာကြောင့်မှန်းလည်းမသိ သိဖို့ရန်လည်းမကြိုးစား။ဒီအခြေအနေကလေးကို သူချစ်သည်။ဒီရွာကလေးတွင် သူနေပျော်သည်။ဒီလမ်း၊ဒီလေ၊ဒီရေကို သူမြတ်နိုးသည်။
"ကယ် ရယ်နေတာတော်လောက်ပြီ လာအထဲဝင်မယ်…အော်ဒါနဲ့ခဏနေ ဂန့်ဂေါသွားရအောင်လေ"
"ဘာလုပ်ဖို့လဲဗျ"
"စာအုပ်သွားဝယ်မို့လေ "
"အိုခေလေ"
ထို့နောက် အိမ်ထဲတွင်အဝတ်များထားပြီး အမေ့အားခွင့်တောင်းပြီးမှ ဆိုင်ကယ်ကိုယူကာထွက်လာခဲ့လိုက်ကြတော့သည်။အရင်ကဆို လေးရုံအပြင်ထွက်လျှင်ဘယ်တော့မှ ခွင့်မတောင်း။ယခုတော့ သူသည်ပင်ပြောင်းလဲမှုများ များပြားလာခဲ့ချေပြီ။ယခုတော့ မြတ်လေးရုံဟာ တစ်ရွာလုံးရဲ့ချဉ်ဖတ်ကလေးမဟုတ်တော့။အရင်ကကြားနေကျ လေးရုံကတော့ ဘယ်သူနဲ့ရန်ဖြစ်လို့ ဘယ်သူကလာတိုင်လို့ လျော်လိုက်ရပါတယ် ဆိုတာတွေလည်း ရှားပါးလာခဲ့ချေပြီ။ နေ့တိုင်းကျောင်းသွားသည်။ကျောင်းလည်းမပြေးတော့ ဖြစ်နိုင်လျှင် ကျောင်းမှာပင်နေချင်နေသည့်ပုံ။ဒါဟာ ရွာကိုအစမ်းသင်ရောက်လာသည့်ဆရာငယ်လေးကြောင့်ဆိုတာ တစ်မျိုးလုံးသိကြသည်။
"ဆရာနွေး တင်းတင်းကိုင်ထားနော်"
"ကိုယ်တို့စတွေ့တုန်းကလည်း မြတ်လေးအဲ့လိုပဲပြောခဲ့တာနော်"
ထိုနေ့က သူ့ပုံစံအားပြန်တွေးမိတော့ ပြန်ပြုံးမိသည်။သူတကယ်ထိုနေ့က ကြောင်တောင်တောင်ဖြစ်နေခဲ့သည်ကိုး။
"အဲ့နေ့က မြတ်လေးက တကယ်ကြီးရှိန်စရာကောင်းတာ"
"အဲ့နေ့က ကျွန်တော်"
YOU ARE READING
ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)
Short Storyစံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌
Part 8
Start from the beginning