" ငါလည်း မင်းနောက်မလိုက်ပါဘူး စိတ်မပူနဲ့ "

" အိုကေလေ "

မနက်စာတောင် ကုန်အောင်မစားတော့ပဲ ကင်မ်ထယ်ယောင်း ထထွက်သွားလေသည်။ ဂျီမင်ကတော့ စားပြီးသား ပန်ကန်တွေကို  ဘေစင်ပေါ်မှာ သွားတင်တော့

" မဆေးနဲ့ ၊ ခနနေ  လုပ်မဲ့လူတွေ လာလိမ့်မယ် ၊ ဒီမနက်စာအတွက် ဂျီမင့်ကို အန်ကယ်ကျေးဇူးတင်တယ် ၊ မနက်စာအတူ မစားရတာ ကြာနေပြီးလေ "

" အန်ကယ်သာ ခွင့်ပြုရင် မနက်စာကို မနက်တိုင်း ကျွန်တော်ပြင်ပေးပါ့မယ် "

" လုပ်စရာမလိုပါဘူး ၊ သားအဖေသိရင် အန်ကယ့်ကို စိတ်ဆိုးလိမ့်မယ် ၊ သူ့သားကို ခိုင်းရသလားဆိုပြီးတော့ "

" မဖြစ်ပါဘူး ၊ ကျွန်တော်ကိုယ်တိုင် လုပ်ချင်တာပါ "

" ကဲပါလေ ..အ၀တ်အစားသွားလဲ ..အခန်းရှေ့မှာ အ၀တ်အစားတွေပို့ထားတာ ရတယ်မလား ?"

" ဟုတ် .."

" သွားလဲချေ ..ကျောင်းနောက်ကျတော့မယ် "

" ဟုတ်ကဲ့ "

ဂျီမင်အပေါ်ထပ်ကိုတက်ကာ အ၀တ်အစားလဲပြီး ကျောင်းသွားဖို့ ပြင်ရလေသည်။ တက္ကစီ စီးသွားမယ်ပြောပေမဲ့လည်း တကယ့်လက်တွေ့တော့ အန်ကယ်က Company ကိုမသွားသေးတာကြောင့် သူ့ဒါရိုက်ဘာနဲ့ ပို့ခိုင်းလေသည်။ အဲဒါက ပိုပြီး သူ့ကိုကျောင်းက လူတွေ သတိထားမိသွားလေသည်။ ဟယ်ဆောင်ရဲ့ Vip အတွက် သီးသန့်စီးတဲ့ကားရှိသလို ဥဏ္ဍဌ စီးတဲ့ကားဆိုတာကလည်း ထပ်ရှိသေးတာကို သူက စီးမိသွားတာ ဖြစ်လေသည်။  ကားပေါ်ကဆင်းတဲ့အချိန် ဒါရိုက်ဘာဦးလေးကြီးကို နူတ်ဆက်တဲ့အချိန်  ဘယ်ကနေ ဘယ်လို ကျောင်းရဲ့ ပေခ်ျ့မှာ သူ့အပုံရှိသွားသလဲမသိပါ ။

[ ကင်မ်ထယ်ယောင်းတို့ အိမ်ကကားနဲ့လာတဲ့လူက ဘယ်သူလဲ ]

[ ဘယ်သူလဲ ..ဘယ်ကလဲ ]

[ ကင်မ်ထယ်ယောင်း တရား၀င်တွဲနေတဲ့လူလား ]

[ မဖြစ်နိင်တာ ၊ သူ့အချစ်ဦး လီယွန်းဝူကို အခုထိ မမေ့နိင်သေးတာကို ]

[ ဘာဆို ဘာလဲ ..ဘယ်လိုအနေအထားလဲ ]

[ ညီအစ်ကိုဖြစ်နိင်လား ]

" Bad Husband" ( Complete)Where stories live. Discover now