" ဘာလဲ ဘာလိုဒီလောက်အံ့ဩနေတာလဲ ..မင်းပထွေးလဲမဟုတ် "
" ထယ်ယောင်း ငါတောင်းပန်ပါတယ် ၊ ငါမှားသွားတယ် ၊ ငါ့ကို ခွင့်လွှတ်ပါ "
ထယ်ယောင်းရဲ့ခြေထောက်ကို သွားဖက်ပြီး တောင်းပန်တော့ ထယ်ယာင်းပြန်ကန်ထုတ်လေသည်။
" ရား ...ငါ့ဘောင်းဘီတွေ ညစ်ပတ်ကုန်ပြီး ..ဒါဘယ်လောက်တန်လဲသိလား ...မင်းအဖေ နစ်၀က်လောက် ရှာရတဲ့ ပိုက်ဆံနဲ့ ညီမျှတယ်ကွာ "
ဘောင်းဘီ အညိုရောင်မှာသွေးတွေပေသွားတော့ ထယ်ယောင်းပို၍ စိတ်ဆိုးသွားလေသည်။ ပြီးတော့ ထိုင်ခုံကနေ မက်တပ်ရပ်လိုက်ရင်နဲ့ လက်တစ်ဖက်ကို ဆေးလိပ်သောက်ကာကျန်လက်တစ်ဖက်ကတော့ ဘောင်းဘီးအိတ်ထဲကို ထည့်လိုက်ရင်
" ရား ...ဟန်ဂျောင်၀န် ....ငါမင်းညီမနဲ့ အိပ်ဖူးလို့လား ?"
"...."
အကန်ခံလိုက်တော့ ပက်လက်လှဲကျသွားနေရာကနေ ဒူးထောက်ကာ ထိုင်လိုက်သည်။ ထယ်ယောင်းမေးတာတော့ ပြန်မဖြေပေ ။
" မေးနေတယ်လေ ..ငါမင်းညီမနဲ့ အိပ်ဖူးလို့လား ?"
ထယ်ယောင်းသည် ဟန်ဂျောင်၀န်နားနားကပ်က ထိုင်လိုက်ရင် ဆေးလိပ်ငွေ့ကို မျက်နှာရှေ့ကို မူတ်ထုတ်ရင် ထပ်မေးလိုက်သည်။
" ဟင့်အင်း "
" မင်းအမေနဲ့ရော "
" ဟင့်အင်း .."
" ဒါဆို မင်းအဖေရဲ့အနောက်ပေါက်ထဲကို ငါ့ဟာ၀င်သွားတာ မြင်ဖူးလို့လား ?"
မျက်နှာက ပြုံးနေပေမဲ့ ဒိအပြုံးက သေအောင်ကြောက်ဖို့ကောင်းမှန်း တစ်ကျောင်းလုံးသိသည်။ မသိတာက ဟန်ဂျောင်၀န် ။ ဒီကျောင်းကို ရောက်တာ တစ်မပြည့်သေးပဲ ပြသာနာ ရှာနေလေသည်။ ရှာကတာ အခြားလူကို မဟုတ် ကင်မ်ထယ်ယောင်းကိုမှာ ။
" ဖြေလေ "
" မဟုတ်ဘူး "
ဟန်ဂျောင်၀န်ရဲ့မျက်နှာသည် သွေးမရှိတာ့သလို ဖြူဖျော်လာလေသည်။ ထယ်ယောင်းကတော့ ဆေးလိပ်သောက် မပြတ်ပေ။
" ဒါဆို ငါကမင်းအတွက် ဘာကပြသာနာလဲ ?"
ဒီလိုဆိုတော့လည်း ဟန်ဂျောင်၀န်မပြောနိင် ။ ကျောင်းရဲ့ ပေခ်ျ့မှာလည်း ကင်မ်ထယ်ယောင်းက ဟန်ဂျောင်၀န်ကြောင့်နာမည်ကြီးနေလေသည်။ ' ဟယ်ဆောင်တက္ကသိုလ်ကိုတက်ရဖို့ဆိုရင် ဟယ်ဆောင်လုပ်ငန်းစုရဲ့ ပိုင်ရှင်ဖြစ်တဲ့ ကင်ဟိုယောင်းရဲ့တစ်ဦးတည်းသော သားနဲ့အိပ်ပေးရတယ် ' ဆိုတဲ့ ခေါင်းကြီးပိုင်းမှာ Trends ဖြစ်နေတာ ။
🔥 1 🔥
Start from the beginning