Part-8

73 8 0
                                    

Jakeနဲ့Benjaminလည်း  နန်းတော်ထဲကို ရောက်တာနဲ့ ညီလာခံကျင်းပရာ နန်းဆောင်ဆီသို့ ချက်ချင်း သွားရောက်ရတော့တယ်။
King Zyair:အော်..... ရောက်လာကြပြီဘဲ Benjamin မင်းခဏ အပြင်ထွက်နေ
Jake:ဘာလို့လဲ ဘာလို့ Benjaminက အပြင်ထွက်ရမှာလဲ
King Zyair:ကောင်းပြီလေ အဲ့ဒါဆို မင်းပါ တခါတည်း နားထောင်ပြီး ဆင်ခြင်ပေါ့ Benjamin
Benjamin:ဟုတ်ကဲ့ ကျွန်တော်မျိုး နာခံလျက်ပါ
Niki:ကျွန်တော် ရောက်ပြီနော် ခမည်းတော်
William:ဘာလို့ နောက်ကျနေတာလဲ လာ ဒီဘက်ကို
King Zyair:မင်းနဲ့အတူသွားတဲ့ Ethanရော? Niki
Niki:Ethanလား ခေါ်လိုက်မယ် ခဏ .......Ethanရေ
Ethan:လာပါပြီခင်ဗျ
Niki:ရောက်ပြီနော်
King Zyair:Ethan,Benjamin မင်းတို့ Jayဆိုတဲ့ ကောင်လေးကို သိတယ်မလား
Jakeနဲ့Nikiလည်း Jayဆိုတဲ့ နာမည်ကြောင့် သူတို့ခမည်းတော်အား ကြည့်ကာ
Jake:Jayက ဘာကိစ္စပါလာရတာလဲ
Niki:Jayနဲ့ဆိုင်တာ မရှိဘူးထင်တယ် ခမည်းတော်
King Zyair:ငါမေးတာ Ethanနဲ့ Benjaminနော်
Ethan:ဟုတ်ကဲ့ သိပါတယ်
Benjamin:ကျွန်တော်တို့ရဲ့ ငယ်သူငယ်ချင်းပါ
King Zyair:ဒါဆိုရင် Jayရဲ့ မိသားစုဇစ်မြစ်ကိုလည်း သိမယ်ထင်တယ်
Ethan:ကျွန်တော်တို့ အကုန်သိထားပါတယ်
King Zyair:အကုန်သိထားပါလျက်နဲ့ Jayကို Jakeရယ်Nikiရယ်နဲ့ ရင်းနှိီးအောင် လုပ်ပေးတဲ့ မင်းတို့ရည်ရွယ်ချက်ကဘာလဲ
(ဟု မေးရင်း မှူးမတ်တွေအား အကြည့်နဲ့ အမိန့်ပေးကာ Ethanနဲ့ Benjamin ၏ နားထင်တွင် သေနတ်ထောက်စေသည်။)
ထိုအခါ Jakeနဲ့Nikiလည်း မနေသာတော့ဘဲ
Jake:ကျွန်တော်က စပြီးပတ်သက်မိတာ ကျွန်တော်က အစပြုတာမလို့ ကျွန်တော်နဲ့ဘဲပြောပေး
Niki:ခမည်းတော် Jayနဲ့ပတ်သက်တာမှာ အမှားဆိုတာ ရှိမယ် လို့ ကျွန်တော် မထင်ဘူး
Queen Sanya:Niki!လူကြီးတွေ စကားပြောနေတုန်း ဖျက်ပြောရတဲ့အထိတောင် နင်က ရိုင်းနေပြီလား
ကျွန်မပြောပါတယ်  Zyair အဲ့ကောင်လေးကြောင့် ရှင့်သားတွေက ရှင့်ကို ပုန်ကန်မှာပါလို့
Jake:Jayကို ခင်ဗျားပြောစရာ ဘာ အကြောင်းအရင်းမှ မရှိဘူး
King Zyair:Jake!မင်းက အခု မင်းအမေကိုသတ်ခဲ့တဲ့လူရဲ့မျိုးဆက်ကို ကာကွယ်နေတယ်ဆိုတာ သိရဲ့လား
(ဟု ဒေါသတကြီးအော်ပြောလာတဲ့ King Zyair)
Jake:ဘယ်လို?ဘာကို ပြောခြင်တာလဲ ခမည်းတော်
King Zyair:အေး ငါဘာပြောလဲဆိုတော့ မင်းမယ်တော်ကို သတ်ခဲ့တဲ့ မြို့စားJohnဆိုတဲ့လူက Jayရဲ့အဖေဘဲ
မင်းမှတ်မိမယ် ထင်ပါတယ်...........
Ethan:Prince Jake Jayက Johnရဲ့သားဆိုတာ မှန်ပါတယ် ဒါပေမယ့်
King Zyair:မင်းကို ငါစကားပြောခွင့်ပေးမိလား Ethan
Jake:Ethanကို ခင်ဗျားအော်စရာမလိုဘူး King Zyair
Jayက Johnရဲ့သားဆိုရင်တောင် Jayက Jayဘဲ Johnနဲ့ တဆက်လေးမှ မတူဘူး
ဥပမာ King Zyair နဲ့ ကျွန်တော့်လိုပေါ့
King Zyair:Jake!မင်း အခုပြောနေတဲ့စကားတွေရဲ့ အဓိပ္ပါယ်ကို မင်းကိုယ်မင်း သိရဲ့လား
Niki:ခမည်းတော် ဒီတခါတော့ ကျွန်တော်လည်း Jakeဘက်က ရပ်တည်ပါရစေ Johnရဲ့သား ဖြစ်ရုံနဲ့ Johnလို အကျင့်စရိုက်ဖြစ်မယ်လို့တော့ မထင်ဘူး
Queen Sanya:Niki!
Jake:ပြောစရာက ဒါဘဲရှိတာဆိုရင် ကျွန်တော်
နားထောင်ပြီးပြီမလို့ နန်းဆောင်ကို ပြန်ပါရစေ

Black Rose Where stories live. Discover now