Part-4

102 10 0
                                    

Nikiတယောက် သူ့မိခင်ရဲ့ နန်းဆောင်ထဲကို ဝင်လာတယ်
Niki:မယ်တော် ဝင်လာပြီနော်
ဆိုပြီး ဝင်လာရင်း ဟိုကြည့်သည်ကြည့်လုပ်ရင်း မလဲရသေးတဲ့ ပန်းအိုးအားမြင်မိတော့
Niki:ဒီနေ့ ပန်းတွေတောင်မလဲရသေးဘူးနော်
Sanya:အေးလေ....နေပါအုံး ထူးထူးဆန်းဆန်း ဘာကိစ္စမေးတာလဲ
Niki:အာ......ဒီလိုလေ မယ်တော့်ကို ကျွန်တော် လက်ဆောင်ပေးရမလား လို့
Sanya:Niki နင်ဘာဖြစ်နေတာလဲ တခုခုများ မှားစားမိတာလား
Niki:မယ်တော်ကလည်း ကျွန်တော်က ကိုယ့်မယ်တော်ကိုချစ်လို့ လက်ဆောင်ပေးမလို့လေ
Sanya:အင်း .....ဟုတ်ပါပြီရှင်
Niki:မယ်တော့်အကြိုက် Tulipနီလေးတွေ ပေးမယ်နော် သွားဝယ်လိုက်အုံးမယ်
Sanya:ဟယ် ကိုယ်တိုင်သွားမလို့လား နန်းတော်က ဥယျာဥ်မှာလည်းရှိတယ်လေ
Niki:ဟုတ်တယ်လေ သေချာအလှဆုံးလေးတွေရွေးပြီး ပေးမလို့
Sanya:William ကို ခေါ်သွားအုံး အစောင့်တွေလည်းခေါ်သွား တစ်ယောက်တည်း မသွားနဲ့
Niki:Ethan ကို ခေါ်သွားလိုက်မယ် စိတ်မပူနဲ့
ဆိုပြီး ပြေးသွားတဲ့ကောင်လေးအားကြည့်ရင်း
Sanya:မဖြစ်သေးပါဘူး....... David
David:ဟုတ်ကဲ့ Queen Sanya
Sanya:Nikiကို သေချာလိုက်စောင့်ရှောက်လိုက်အုံး သွား
David:ဟုတ်ကဲ့ သွားလိုက်ပါအုံးမယ်ခင်ဗျ
Nikiတစ်ယောက်William, Ethanရယ်Davidရယ်နဲ့ အတူ Jayရဲ့ J's garden ဆိုသော ဥယျာဥ်ကလေးဆီသို့ သွားကြ၏။
Ethan:ရောက်ပါပြီခင်ဗျ မင်းသားNikiနဲ့ မင်းသား William
William:ဒါလား J's garden ဆိုတာ သူ့ကိုသွားခေါ်လိုက်လေ Ethan
Niki:ကျွန်တော်လည်း လိုက်ခဲ့မယ်
Ethan:မဟုတ်တာ Prince Nikiနဲ့ Prince Williamက အိမ်ထဲကနေစောင့်ပါ ဥယျာဥ်ထဲက အရမ်းပူတာ
ဆိုပြီး Ethan တယောက်Jayကို အော်ခေါ်မိ၏။
Ethan:Jayရေ Jay!!!
Jayလည်း ပန်းပင်တွေအားရေလောင်းနေရင်း Ethanအသံကြားရတာနဲ့ အမြန်ထွက်လာမိ၏။
Jay:လာပြီဟေ့ လာပြီ
ဆိုပြီး ပြေးလာတော့တွေ့လိုက်ရတဲ့ လူစိမ်းတွေနဲ့ မလှမ်းမကန်းမှ မှူးမတ်များအားတွေ့တော့ ကြောင်သွားမိသည်။
Jay:ဧည့်သည်တွေလား Ethan ဝင်ခဲ့ပါခင်ဗျ
Ethan:ဒီမှာထိုင်လို့ရပါတယ်ခင်ဗျ Prince Nikiနဲ့ Prince William
Jayတယောက် နန်းတော်ထဲကလူတွေမှန်း ရိပ်စားမိပေမယ့် Princeတွေဖြစ်နေမယ် မထင်ထားတာကြောင့် လက်ဖျားတွေပင် အေးလာသယောင်
Niki:Jayနော်
Jay:ဟုတ်...ဟုတ်ပါတယ်ခင်ဗျ Prince..
နာမည်မသိတာကြောင့် ရပ်သွားတဲ့ Jayက အူတူတူလေးနဲ့ ကြောင်ပေါက်လေးလို ဖြစ်နေသည်။
Niki:Niki
Jay:ဟုတ် ဟုတ်ကဲ့ Prince Niki
ဆိုပြီး အထစ်ထစ် အငေါ့ငေါ့ဖြစ်နေတဲ့ Jayဟာ Nikiအတွက်တော့ အသည်းယားစရာ ကြောင်လေးတကောင် ကဲ့သို့
Nikiလည်း တချက်ပြုံးကာ
Niki:Jay..Tulipနီလေးတွေရှိသေးလား
Jay:ဟုတ် ဟုတ်ကဲ့
Niki:ကျွန်တော် Tulipနီဝယ်မလို့ လိုက်ကြည့်လို့ရမလား
Jay:ရ ရပါတယ်ဗျ
ဆိုပြီး ဥယျာဥ်ဆီသို့ ရှေ့ကဦးဆောင်သွားလေရဲ့ Nikiလည်း ထိုကြောင်လေးနောက်မှ လိုက်ရန်ပြင်လိုက်၏။
William:ငါတော့ မလိုက်ချင်ဘူး နေအရမ်းပူလို့
Niki:မလိုက်တော့ပိုတောင်ကောင်းသေးတယ် ဆိုပြီး နောက်ကလိုက်သွားတဲ့ Niki
ဥယျာဥ်ထဲတွင်တော့
Jay:ဒီဘက်အခြမ်းက Tulipနဲ့ Sunflower တွေဘဲ စိုက်တာပါ ကျန်တဲ့ပန်းတွေကတော့ အိမ်နောက်နဲ့ ဟိုးဘက်မှာရှိပါတယ် Prince Niki
Niki:ကျွန်တော့်ကို Tulipအနီရောင်နော် အပွင့်(၅၀၀)လောက်
Jay:ဗျာ?အပွင့် (၅၀၀)တောင်?
Niki:ဟုတ်တယ်လေ ဘာလို့လဲ မရှိလို့လား
Jay:ရှိပါတယ်ခင်ဗျ ဒါပေမယ့် ချက်ချင်းမရလောက်ဘူးရယ် အဲ့ဒါကြောင့် prince Nikiကို အားနားမိလို့ပါ
Niki:ရတယ် ကိုယ်Ethanကို့ထားခဲ့မယ် ပန်းတွေရပြီဆိုမှ Ethanနဲ့အတူ နန်းတော်ကိုလာပို့ပေါ့
Jay:တစ်ကယ်လား? တစ်ကယ် လာပို့ရမှာလား
Niki:ဒါပေါ့ လာပို့လို့အဆင်ပြေတယ်မလား?
Jay:ဟုတ် ပြေတယ် ပြေတယ်
Niki:ဒါနဲ့ အခကြေးငွေပါ
Jay:ဟုတ် ဟုတ်ကဲ့ခင်ဗျ
Niki:ပြီးတော့ ကျွန်တော်က Jayထက်တော့ငယ်တယ် ဒါပေမယ့် Jayလို့ဘဲ ခေါ်ပါရစေ
Jay:ရ ရပါတယ်ဗျ
Niki:ကျွန်တော့်ကိုခင်ခင်မင်မင်ဆက်ဆံလို့ရတယ်နော် ကျွန်တော်ကိုယ်တိုင်က သူငယ်ချင်း ဖြစ်ချင်တာမလို့ လက်ခံပါနော်
Jay:Oh my god!သူငယ်ချင်းတဲ့လား
ဆိုပြီး စိတ်ထဲကနေပြောတယ် ထင်မိပေမယ့် နှုတ်မှထွက်မိသွား၏။
Niki:ဟုတ်တယ် သူငယ်ချင်း
လို့ပြောနေရင်း နောက်ပါးထံမှ ထွက်လာသော အသံ
William:သွားရအောင် Nikiရေ မွန်းတည့်တော့မယ်
Niki:လာပြီဟ ဇွတ်ခေါ်နေ
ဆိုပြီး Williamအား အော်ပြောပြီးတာနဲ့
Niki:ကျွန်တော်သွားပြီနော် Jay
Jay:ဟုတ် ဟုတ်ကဲ့ပါခင်ဗျ

Black Rose Where stories live. Discover now