Part-1

228 12 0
                                    

၁၉၀၀ခုနှစ် အစောပိုင်းကာလ Australiaရဲ့ တစ်နေရာ

Grandma Lily:သား jay မပြေးရဘူး နော် ချော်လဲမယ်
Jay:ဟုတ် သားမပြေးပါဘူး ဘွားဘွားရဲ့

ပန်းခင်းကြိီးနဲ့ အရမ်းလှတဲ့အိမ်လေးတစ်လုံး ထိုအိမ်လေးတွင်တော့ အရမ်းချစ်ကြတဲ့ မြေးအဘွား နှစ်ယောက် အတူနေထိုင်ကြလေရဲ့
Jay:ဘွားဘွား ဒီ tulipတွေ ခူးပြီးရင် စျေးထဲကို သွားရောင်းရင် သားလည်းလိုက်မယ်နော်
Grandma Lily:သားသားရယ် စျေးထဲက လူအရမ်းရှုပ်တာ သားသားလေးပျင်းနေမှာ အိမ်မှာနေပြီးဘဲ Benလေးတို့Ethanလေးတို့လာတဲ့အထိ စောင့်ပြီး ကစားလေ သားသားရဲ့
Jay:ဟင် မရဘူး သူတို့က ဒီနေ့လာဘူးတဲ့ သားပျင်းလို့ပါ လိုက်ခဲ့ပါရစေနော် ဘွားဘွား သားမတအားကြီးလည်း မဆော့ဘူး လို့ ကတိပေးပါတယ် နော်
Grandma Lily:ကဲ... ဟုတ်ပါပြီ ဂျစ်တူးလေးရယ် လိုက်ခဲ့ပါ
Jay:yayy......သား အဝတ်အစားသွားလဲလိုက်အုံးမယ်နော် ခဏစောင့်နော် ဘွားဘွား
Grandma Lily:အေးပါကွယ်

စျေးထဲတွင်

Grandma Lily:သား Jayလေး ဗိုက်ဆာနေပြီလား
Jay:ဟုတ် နည်းနည်း ဘွားဘွား
Grandma Lily:အလာတုန်းကတွေ့ခဲ့တဲ့ အပြာရောင် အိမ်လေးကို မှတ်မိလား သား
Jay:အော်...ဟုတ် မှတ်မိပါတယ် ဘွားဘွား
Grandma Lily:အေး အဲ့အိမ်လေးက ပေါင်မုန့်ရောင်းတယ် သားရဲ့ သားကြိုက်တဲ့ အရသာနဲ့ ဝယ်ခဲ့နော်
Jay:ဟုတ်ကဲ့ သွားလိုက်ပါအုံးမယ်ခင်ဗျ
Grandma Lily:သေချာ သတိထားသွားနော်
Jay:ဟုတ်
ဆိုပြီး အမြန်ပြေးသွားတဲ့ jay
Johnny:ဘာပေးရမလဲဗျ
Jay:ပေါင်မုန့် ကိုမှ ချောကလက်အရသာနဲ့ ရှိလား ခင်ဗျ ၂လုံးပေးပါနော်
Johnny:ရှိပါတယ်ခင်ဗျ
Jay:ဒီမှာ အခကြေးငွေပါခင်ဗျ
Johnny:နောက်လည်း လာအားပေးပါအုံးခင်ဗျ
Jay:ဟုတ်ကဲ့

Jay:ဘွားဘွားရေ သားပြန်ရောက်ပြီ
Grandma Lily:လာ...သား ဘွားဘွားတို့ ခနနေရင် ပြန်လို့ရပြီ
Jay:ဟုတ်လား ပန်းတွေရောင်းကုန်တာ မြန်လိုက်တာနော် ဘွားဘွား
Grandma Lily:ဟုတ်တယ် သားရဲ့ နန်းတော်က လူတွေ လာဝယ်သွားတာ
Jay:သား နန်းတော် ကို မမြင်ဘူးလို့ လိုက်ပို့ပါ့လား ဘွားဘွား
Grandma Lily:သားရယ် နန်းတော်ဆိုတာက သား သွားချင်တိုင်းသွားလို့မရဘူးလေ
Jay:ဟင်...ဘာလို့လဲ ဘွားဘွား ရဲ့
Grandma Lily:နန်းတော်ဆိုတာက ဒီတိုင်းပြည်ကြီး တစ်ခုလုံးကို အုပ်ချုပ်တဲ့ ဘုရင်မင်းမြတ်နဲ့ သူ့ရဲ့မိသားစုတွေ နေတာလေ ပြီးတော့ အဲ့ဒီမှာ အရည်အချင်းရှိတဲ့ မှူးကြီးမတ်ရာတွေလည်းနေကြတယ်ကွဲ့ သားသားက နန်းတော်ထဲကို သွားလည်ချင်တယ်ဆိုရင်တောင် သားသားမှာ အရည်အချင်းရှိဖို့လိုတယ် သားသားရဲ့ အရည်အချင်းရှိတဲ့လူဖြစ်ဖို့ကလည်း စာကြိုးစားမှရမှာကွဲ့
Jay:အွန်....အဲ့လိုလား
Grandma Lily:ဟုတ်ပါ့ရှင် သားသားက နန်းတော်ကို သိချင်ရင် ဘွားဘွား အပြင်ကနေဘဲ ပြနိုင်တယ် သားသားရဲ့
Jay:အာ့ဆိုလည်း အပြင်ကနေ ပြနော် ဘွားဘွား

Black Rose Onde as histórias ganham vida. Descobre agora