Part-7

71 12 0
                                    

Jayနဲ့Benလည်း အိမ်ကို ပြန်ရောက်တာနဲ့
Benjamin:ငါ Nichoဆီ စက်ဘီးသွားပြန်ပေးလိုက်အုံးမယ်
Jay:ဖွားဖွားရေ သားပြန်ရောက်ပြီ Jakeရေ...
ဟုခေါ်ရင်း အိမ်ထဲကို ဝင်ဖို့လုပ်နေတဲ့ Jay
Jake:Jay ကိုယ်ဒီမှာ
ဟုဆိုကာ Jayအား လက်ပြလိုက်တဲ့ Jake
Jay:ကျွန်တော်က အိမ်ထဲမှာထင်တာ အိမ်ထဲဝင်နေတာ မဟုတ်ဘူး Jakeကလဲ
Jake:ဒီနားက လေလေးတဖြူးဖြူးနဲ့ဆိုတော့ အဆင်ပြေသလား လို့
Jay:အင်း....ဟုတ်သားနော် အော်...ဒါနဲ့ ပေးလေ
Jake:ဟင်... အော် ပန်းလား
Jay:ဟုတ်တယ်လေ
Jakeလည်းJayလက်ထဲအား Sunset Rose လေး ထည့်ပေးလိုက်၏။
Jayက Sunset Roseလေးအား မွှေးကြည့်နေ၏။
Jake:Jay......Jay ဘာလုပ်ချင်လဲ ဘာစားချင်လဲ ကိုယ့်ကိုပြောနော်
Jay:ဘာမှလည်း မလုပ်ချင်ဘူး ဘာမှလည်းမစားချင်ပါဘူး Jakeရဲ့
Jake:အဲ့ဒါဆို ကိုယ်Jayကို ပြောစရာရှိတယ်
Jay:ပြောလေ
Jake:ကိုယ် Jayကို ကိုယ့်အကြောင်းတွေ ပြော​
ခြင်တယ် ပြီးရင် ကိုယ် Jayနဲ့ ပတ်သက်ပြီး ခံစားရတာတွေကို ပြောခြင်တယ် ဒါပေမယ့် ကိုယ့်ကြောင့်

(သူ ပြောမယ့်စကားတွေဟာ Jayရဲ့ နှုတ်ခမ်းပေါ်ကို လာတင်တဲ့ လက်ညှိုးလေးကြောင့် ရပ်တန့်သွားရတယ်။)

Jay:နားထောင်ပေးမယ် စိတ်လည်းမဆိုးဘူး လို့ ကတိပေးတာမလို့ ပြောပေး ကျွန်တော်နဲ့ ပက်သတ်တာကို အရင်ပြောပေး
ဟုဆိုကာ သူ့ပေါင်ပေါ်မှာ ခေါင်းလေးဖွဖွတင်ကာ မျက်လုံးလေးတွေမှိတ်ရင်း လဲလျောင်းရင်း ပြုံးလာတဲ့ Jay
Jay:ပုံပြင် နားထောင်သလိုလေ
Jake:ဒါ ပုံပြင်မဟုတ်ဘူးနော် Jay ဒါပေမယ့် ဒီအတိုင်းလေးနေပေး
Jay:ဟုတ်ကဲ့ပါခင်ဗျ
Jake:Jayက ကိုယ့်အတွက်တော့ ဆည်းဆာရောင်တိမ်တိုက်ငယ်လေး
Jay:ဘာလို့လဲ? တခြားအရောင် ဖြစ်လို့မရဘူးလား
Jake:ကိုယ်ပြောပြမယ် ဆုံးအောင်နားထောင်လေ
(လို့ သူပြောတော့ ပါးစပ်လေးအား လက်လေးနဲ့အုပ်ကာ မျက်လုံးလေးတွေ ပြန်မှိတ်သွားတဲ့ Jay)
Jake:Jay သိလား ကိုယ်က ပန်းချီဆွဲရတာကို အရမ်းကြိုက်တာ ကိုယ်ပန်းချီဆွဲနေရင်းနဲ့ ပင်ပန်းလာတဲ့အချိန်ကျရင် ကိုယ်က ကောင်းကင်ကြီးကို ကြည့်လိုက်တယ် အဲ့လို ကြည့်လိုက်ချိန်တိုင်း ကိုယ်တွေ့ရတာ ဆည်းဆာရောင်ကောင်းကင်ကြီးနဲ့ ဆည်းဆာရောင်တိမ်တိုက်လေးတွေဘဲ
Jay:မေးခွန်းတခုလောက်
Jake:ဟော.......
Jay:Jakeကလည်း ကျွန်တော်ကသိချင်လို့ကို
Jake:ကောင်းပါပြီဗျာ ဘာသိချင်တာလဲ ပြောပါအုံး
Jay:Jakeက ပန်းချီဆွဲတာဆိုတော့လေ ဘာအမျိုးအစား ဆွဲတာလဲဟင်
Jake:portrait
Jay:ဟုတ်လား?ဘယ်သူ့ပုံလဲဟင် ပြီးတော့ကျွန်တော် ကြည့်ချင်သွားပြီ
Jake:ကြည့်ရမယ် ဟုတ်ပြီလား
Jay:ဘယ်သူ့ပုံလဲလို့
နှုတ်ခမ်းလေးစူကာမေးလာတဲ့ Jay
Jake:ဟမ်.......အာလူးလေးပါကွာ
(ဟုတ်တယ် အာလူးလေး အမေးအမြန်းထူလွန်းတဲ့ အာလူးလေး ဟုသာ Jake စိတ်ထဲကနေ ပြောမိ၏။)
Jay:အာလူး?
Jake:ဟုတ်တယ် စကားဆက်မယ် ဘယ်ရောက်သွားတာပါလိမ့်
Jay:ကိုယ်ပန်းချီဆွဲနေရင်းနဲ့ ပင်ပန်းလာတဲ့အချိန်ကျရင် ကိုယ်က ကောင်းကင်ကြီးကို ကြည့်လိုက်တယ် အဲ့လို ကြည့်လိုက်ချိန်တိုင်း ကိုယ်တွေ့ရတာ ဆည်းဆာရောင်ကောင်းကင်ကြီးနဲ့ ဆည်းဆာရောင်တိမ်တိုက်လေးတွေဘဲ တဲ့
Jake:ဟုတ်တယ် အဲ့ဆည်းဆာရောင် တိမ်တိုက်လေးတွေက အနွေးဓာတ်သေးသေးလေးတွေကို ပေးတယ်ဆိုပေမယ့် ကြည့်မိတဲ့လူကတော့ အေးချမ်းသွားရတယ် အဲ့လိုမျိုးဘဲ Jayကိုတွေ့ရတဲ့အခါမှာလည်း Jayရဲ့ အပြုံးနွေးနွေးလေးကြောင့် ကိုယ်အေးချမ်းရတယ် အဲ့တာကြောင့် Jayက ဆည်းဆာရောင်တိမ်တိုက်ငယ်လေး
Jay:အဲ့လိုလား အဲ့လိုဆိုတော့လည်း သဘောကျချင်စရာလေးဘဲ
Jake:ဟုတ်တယ် အဲ့လိုဖြစ်တည်မှု
Jay:ဒါဆိုရင် Sunset Roseပေးတာကလည်း အဲ့တာကြောင့်ပေါ့နော်
Jake:ဒါပေါ့.....(လို့ပြောရင်း Jayမျက်နှာလေးအား သေချာကြည့်မိတော့ ပန်းရောင်လေးတွေသန်းနေသလိုဖြစ်နေ၏။)
Jake:ဒါနဲ့ Jay..ပူလို့လားဟင်
Jay:မပူပါဘူး ဘာလို့လဲ
Jake:Jayရဲ့နားတွေရော မျက်နှာတွေရော အရမ်းနီနေသလား လို့
Jay:ဟုတ်လား နေ....နေထိုးလို့နေမှာပါ
(တကယ်ကတော့ အရှက်သည်းနေတဲ့ ကလေးလေး ဖြစ်နေတာပါ)
Jake:အော် ဟုတ်လား အိမ်ထဲဝင်မလား Jay
Jay:မဝင်တော့ဘူး ရတယ် ဆက်ပြော နားထောင်မယ်
Jake:Jayနဲ့တွေ့ရရင် ကိုယ်ပျော်တယ်သိလား တွေ့ရယုံမှ မဟုတ်ဘူး ကိုယ်လေ Jayအကြောင်းတွေးတိုင်းလည်း ပျော်ရတယ် အဲ့ဒါက Jayက ရီစရာကောင်းတယ်လို့ ပြောတာမဟုတ်ဘူးနော်
Jay:အင်းမ်း......ကျွန်တော် နားလည်တယ်
Jake:ပြီးတော့ Jay ကိုယ်နဲ့မျက်နှာချင်းဆိုင် တွေ့ရတုန်းက ကိုယ့်ကို နေကြာပန်းလေးတစ်ပွင့် ပေးတယ်လေ
Jay:ဟုတ်တယ်လေ နေကြာစိစားလို့ရအောင်လေ
Jake:ကိုယ်မစားပါဘူး ရှိပါသေးတယ် အဲ့ပန်းက နွမ်းခြောက်သွားပြီဆိုပေမယ့်ပေါ့
Jayကလေ အဲ့နေကြာပန်းလေးနဲ့လည်း တူပြန်ရော
Jay:ဟင်?နွမ်းခြောက်နေတဲ့နေကြာပန်း နဲ့ ကျွန်တော်က

Black Rose Where stories live. Discover now