"အွန့်...မောင်...အင့်"

ဆွဲပွေ့ယူသိမ်းထားရင်းနဲ့မှ လူတစ်ကိုယ်လုံးလဲ မောင့်ရင်ခွင်
ထက် သက်ဆင်းလို့ အနမ်းကြမ်းကြမ်းတွေနဲ့ အသက်ရှုပင်
ရပ်တန့်မတတ်ဖြစ်ကာ မောင်က​တော့ ရိုးရဲ့ခါးသိမ့်လေးကို
မွေ့ချီမြှောက်မတတ်။

"မောင်"

အနည်းငယ်ကွာဟ သွားတဲ့နှုတ်ခမ်းနှစ်ခုရဲ့အကွာအဝေးမှာ
မောင်က ရိုးရဲ့နှုတ်ခမ်းသားနုနုကိုသာ ငုပ်ကြည့်ရင်း လက်မနဲ့
ခပ်ဖွဖွပွတ်တိုက်ထိတွေ့လိုက်ပါ၏။

ရိုးရဲ့ တိုးရှရှခေါ်သံလေးကို မောင်က ညင်သာနူးညံ့တဲ့အ
ကြည့်များနဲ့ကြည့်ရင်း သက်သေထူလိုက်လေသည်။

"သမီးလေးဆုလဲ့လေးရဲ့ မေမေ...ညီမလေးရှင်မှုန်းနံသာက
ကိုကို မဟုတ်ဘူးဆိုတာ သိတော့ မောင့်ရင်ထဲဘယ်လိုမျိုး
ဖြစ်သွားလဲဟင်...ပြီးတော့"

"ပြီးတော့ ဘာဖြစ်လဲ"

"သူမ အပေါ်ကော မောင်ဘယ်လိုစိတ်မျိုးထားမိသွားလဲ"

ရိုး ဒီစကားနဲ့မောင်ဖြေလာမဲ့အဖြေကို ရိုးရဲ့အိမ်လေးကိုမောင်
ခြေစုံပစ်ပြီး တံခါးလာခေါက်တည်းက မေးချင်မိခဲ့တာ။သို့ပေ
မဲ့ မောင်စိတ်ဆိုးမှာစိုးလို့သာ မမေးရဲခဲ့။ မောင်က စိတ်ဆိုး
ရင် သူများနဲ့မတူ...မြင်မြင်ရာအကုန်သမတတ်ပြီး မည်သည့်
ဖြေရှင်းချက်မှ သိပ်နားမထောင်တတ်၊ သူ့ဘက်ကမှန်နေရင်
ရပြီဆိုတဲ့ ကောင်လေး။

အရဲစွန့်ကာ မေးလိုက်ပေမဲ့ ရိုးရဲ့ရင်ထဲ ဗုံးအလုံးတစ်ရာပစ်
သွင်းပေါက်ကွဲသွားသလို စိုးရိမ်နေရလေပြီ။

မောင်....မောင်များ....

"မောင်အသက်17နှစ်အရွယ်မှာ အဘွားရဲ့စကား​ကြောင့်
သမီးလေးရဲ့အမေကို မောင်သုတ်ပိုးပေးခဲ့တယ်...အဟက်
အဘွားက သူ့ရောဂါကိုအကြောင်းပြပြီး ပြောသလို မောင့်မိ
ဘတွေနဲ့အသိုင်းအဝိုင်းကပါ မောင့်ကိုဖိအားပေးလာလို့
မောင်မစဉ်းစားတော့ပဲ အဘွားရဲ့စကားကိုနားထောင်ခဲ့တာ"

"ညီမလေးရှင်မှုန်းနံသာကိုကော မောင်မြင်ဖူးခဲ့လား"

"မမြင်ဖူးခဲ့လို့ ခင်ဗျားဟန်ဆောင်ခဲ့တာတောင် မသိခဲ့တာပေါ့
မောင်ပြောဖူးတယ်မလား...အဘွားကသူ့သွေးသားရင်းပဲသူ
သိတာ...မောင့်ကိုလက်ထပ်စာချုပ်မှာလက်မှတ်ထိုးရုံပဲ..က
လေးမွေးလာတာနဲ့ ကွာရှင်းရမှာလို့ပါပြောခဲ့တာ"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now