ထိုအခါမှ ပြာပြာသလဲ တောင်းပန်ရတယ် ရိုး။

"မောင်ဖက်ချင် ခြင်ထောင်ထဲကျ တစ်ဝဖက်..အခုကမတ်
တပ်ကြီးနဲ့ ဦးလေးတို့လင်မယား အခန်းရှေ့ကဖြတ်ရင်မြင်မ
ကောင်းမှာစိုးလို့ပါ"

"ဒါဆို အမြန်ထောင်လေ...မပြီးနိင်တော့ဘူး"

ဟင်...သူပဲအနောက်က အသေဖက်နေမှတော့ ဘယ်လိုလုပ်
အလုပ်ကဆက်လုပ်လို့ရမှာ...မောင်က သူဖြစ်ချင်တာလုပ်
ချင်တာပဲသိတဲ့ ကလေးဆိုးမို့ ရိုးမှာနားလည်ပေးရင်းနဲ့ ချစ်နေ
ရလေ၏။

သူ့ကိုလွှတ်လိုက်ပေမဲ့ ရိုးလုပ်သမျှအနောက်က ခါးထောက်
၍မမှိန်မသုတ် စိုက်ကြည့်နေတာမို့ ရိုးမှာ နောက်ကျောပင်မ
လုံချင် ကျောချမ်းချင်သလိုတောင်ဖြစ်မိနေပြီ။

ဒီလိုမျိုးတဖက်သားကို လှုပ်မရလေအောင်စိုက်ကြည့်နေတာ
က အနေရခက်တယ်ဆိုတာ မောင်ကသိလိမ့်မည်မဟုတ်၊သိ
လည်း မောင်ကအရေးအရာဂရုစိုက်နေမှာမဟုတ်ပဲ...ခင်ဗျား
ကိုကျုပ်ပိုင်တယ်လေ...ဘာတွေအရေးစိုက်ရမှာလဲဟုသာ
ပြန်ပြောမှာဧကန်မလွဲ။

"ဟို...ဟို ဝင်...ဝင်တော့လေ"

"ခင်ဗျားအရင်ဝင်"

"ဟုတ်"

ခြင်ထောင်ထဲဝင်လိုက်ပေမဲ့ အနောက်က ရုပ်တည်ကြီးနဲ့
ဝင်လိုက်လာတဲ့ မောင့်ကြောင့် ဘာကိုရှက်လို့ရှက်နေမှန်းမ
သိ...မောင်နဲ့က အတူအိပ်ဖူးတာ ဒါပထမဆုံးမဟုတ်ပေမဲ့
အကြိမ်ကြိမ်တိုင်းမှာ စွဲငင်နိင်တဲ့ မောင်အကြည့်တွေနဲ့ သူ့ကို
ထပ်ဖန်တလဲလဲ ရှက်သည်းပိုအောင် လုပ်ယူနိင်တဲ့ မောင့်ရဲ့
ပြင်းပြသြရှတဲ့ အသက်ရှုသံကြောင့်ပါ ရိုးမနေတတ်အောင်
ပင်။

"အိပ်...အိပ်မယ်လေ..အင့်"

မပြောမဆိုနဲ့ ရုတ်တရက် ဆွဲယူသိမ်းကြုံးဖက်ခံလိုက်ရတာ
မို့ အခုချိန်မှာတော့ မောင့်ရင်ခွင်ထဲ ကျုံကျုံလေးနဲ့ လန့်သွား
မိလေ၏။

"ဒီနှုတ်ခမ်းလေးက မောင့်ကိုပြန်ပြီးခံပြောဖို့ပဲသိတာလား..
ခင်ဗျားကို ခုနက မူးမေ့မတတ်နမ်းပစ်ချင်နေတာ"

"မ...မသိဘူး"

"မသိရင် သက်သေပြရတာပေါ့..ပြွတ်"

မောင့်အမိန့်စည်း (မောင့်အမိန့်စည်း)Where stories live. Discover now