ရှောင်ရှောင်းကျန့်တို့ လောကကြီးကို စိတ်ကုန်နေပြီ..။
ဘာလို့ စိတ်ကုန်တာလဲ ဟုတ်လား.. ပြောပြမယ်... ဒီမှာ...။
ဒီနေ့က သူနဲ့ ငါးနှစ်တိတိ တွဲလာတဲ့ သူ့ကောင်မလေးရဲ့ Anniversary Day...။
သူ့ကောင်မလေးနာမည်က ယင်းလဲ့အာတဲ့..။ သူဒုတိယနှစ် လဲ့အာတက္ကသိုလ် ပထမနှစ်ကတည်းက စတွဲကြတာ..။ ခုကျောင်းပြီးလို့ အလုပ်ခွင်၀င်တဲ့ထိပဲ..။
RS သက်တမ်းတလျှောက်လုံး အဆင်ပြေပြေ..။ ပြဿနာ ကြီးကြီးမားမားရယ်လို့မတက်စဖူး..။ အဲ.. သာမာန်အတွဲတွေနဲ့ မတူတာ တခုတော့ရှိတယ်..။
သာမာန်အတွဲတွေက နှစ်နှစ်၊ သုံးနှစ်လောက်ဆို စည်းကျော်ကြပြီ..။ ရှောင်းကျန့်တို့က လက်ကိုင်သည့်အဆင့်က မတက်..။ သူတို့က သမီးရည်းစားထက်စာရင် သူငယ်ချင်းအတွဲနဲ့ ပိုတူနေသလို..။
ရှောင်းကျန့်မှာ ငယ်ငယ်ကတည်းက မိဘနှစ်ပါးလုံး မရှိတော့..။ အဒေါ်အပျိုကြီးကပဲ ကျွေးမွေးစောင့်ရှောက်လာတာ..။ အဒေါ်က ယူမယ့်သူမရှိလို့ အပျိုကြီးလုပ်နေတဲ့ "အင်"အပျိုကြီးမဟုတ်..။ ကြိုက်တဲ့သူတွေ ၀ိုင်း၀ိုင်းလည်လို့..။ ဒါပေမယ့် သူမကိုက စိတ်မ၀င်စားတာ..။ သူမဘ၀တခုလုံး ရှောင်းကျန့်အတွက် မြှုပ်နှံထားပြီး ဘာသာရေးကလွဲရင် စိတ်မ၀င်စားတဲ့ အော်ရဂျင်နယ် "အော်"အပျိုကြီး..။ ရှောင်းကျန့်ကိုသာ စိတ်မပူရရင် သာသနာ့ဘောင် အပြီးအပိုင် ၀င်မယ့်သဘော..။
ရှောင်းကျန့် အိမ်ထောင်ကျလေ စိတ်အေးရလေလို့ သဘောထားသဖြင့် သူ့အချစ်ရေးကို ၀င်ရောက်စွက်ဖက်နှောင့်ယှက်ခြင်းမရှိ.။
ဘွဲ့ရပြီးတော့ ရှောင်းကျန့်တို့ အလုပ်ခွင် ၀င်ကြသည်..။ ရှောင်းကျန့်က ဒီဇိုင်နာဘွဲ့ဆိုတော့ ဒီဇိုင်နာ လက်ထောက်အဖြစ် အလုပ်ရသည်..။ သူ့ အထက်က ဒီဇိုင်နာမမကို ကူရသည်..။
သူ ဘွဲ့ရလို့ အလုပ်ခွင်၀င်ပြီး တနှစ်ကြာ လဲ့အာ ဘွဲ့ရတော့လည်း သူတို့ ကုမ္ပဏီမှာပဲ အလုပ်လျှောက်သည်..။ အဲ့အချိန်မှာ ရှောင်းကျန့်က အငယ်တန်း ဒီဇိုင်နာ ဖြစ်နေပြီ...။ လစ်လပ်သွားသော ဒီဇိုင်နာ လက်ထောက်နေရာကို လဲ့အာက ၀င်လျှောက်သည်..။ ရှောင်းကျန့် ထောက်ခံချက်ကော ပင်ကို အရည်အချင်းကြောင့်ကော အလုပ်ရသွားသည်..။ ရှောင်းကျန့်က သူ့စီနီယာမမဆီ လဲ့အာကို စောင့်ရှောက်ပေးဖို့ အပ်သည်..။
YOU ARE READING
အတိတ်ကို ပြန်ရောက်သွားပေမယ့် ရှောင်ရှောင်းကျန့်လေးကမကွေးဘူး
Fanfictionမင်းတို့ စဥ်းစားကြည့် BL ဖတ်တဲ့သူတိုင်း ကွေးလို့လား... မင်းတို့ကော ကွေးလို့လား.. ငါလည်း မကွေးဘူးကွ.. ဖြောင့်လိုက်တာမှ ဓါတ်တိုင်ကြီးအတိုင်းပဲ..