"အင်း"
"အေးအေး…ဒါဆိုငါသွားပြီ…နင်လဲမြန်မြန်ပြင်ဆင်ပြီးလာခဲ့တော့…ဒီနေ့ Essembly ရှိတယ်နောက်မကျစေနဲ့"
**************©®©*************
"ဟော…သက်ပိုင်တစ်ယောက်တည်း တကုပ်ကုပ်နဲ့ဘာတွေလုပ်နေတာတုန်း"
နောက်က မပန်းရုံရဲ့ မေးသံကြောင့် သူခေါင်းလေးကိုအနည်းငယ်လှည့်ကာပြုံးပြလိုက်သည်။
"မပန်းရုံလာပြီလား…"
"အေး…ချွေးတွေထွက်နေပါလား"
"ဒီမှာလေ လျှောက်လမ်းမှာပျဉ်တစ်ချပ်ကွာနေတာတွေ့လို့…အဲဒါကလေးတွေလျှောက်ပြေးရင်းခြေထောက်တွေ ကျွံကျမှာစိုးလို့…"
"ဟောတော့…တူတွေ၊သံတွေရော ဘယ်ကရတာတုန်း"
"ကျောင်းစောင့်ကြီးဆီက သွားတောင်းလာတာ"
"ဦးထူးမောင်ကို လုပ်ခိုင်းလိုက်တာမဟုတ်ဘူး"
"ဘာမှခက်ခဲတဲ့အရာမှမဟုတ်တာ မပန်းရုံရယ်…ဒါ့ကြောင့်ကျွန်တော်ပဲလုပ်လိုက်တာခုပြီးသွားပြီလေ"
"ဟုတ်ပါပြီ သက်ပိုင်ရယ်…ခုတော့လာထိုင်ဦး ပန်းရုံ သက်ပိုင်မနက်အဆာပြေစားရအောင်လို့ ပဲလိပ်ကြော်တွေဝယ်လာတယ်"
"ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဗျ"
"ဒါနဲ့ ပန်းရုံ သက်ပိုင်ကိုတစ်ခုလောက်အပူကပ်ချင်လို့"
"ဘာများလဲ…ပြောကြည့်ပါခင်ဗျ ကျွန်တော်အတွက်အဆင်ပြေတာမျိုးဆို လက်ခံဖို့အသင့်ပါပဲခင်ဗျ"
"အိုကွယ်…ပန်းရုံက သက်ပိုင်တတ်နိုင်တာမျိုးပဲပြောမှာပါကွယ်"
"ဟုတ်…ဒါဆိုမပန်းရုံပြောချင်တာကဘာများလဲဗျ"
"ဒီလိုပါ ပန်းရုံရဲ့မောင်လေးကိစ္စပါ"
"မြတ်လေးလား…သူဘာဖြစ်လို့လဲ…အဟမ်း! ကျွန်တော်ပြောချင်တာက ဘာများကူညီပေးရမလဲလို့ပါ"
"လေးရုံက ဆယ်တန်းကိုနှစ်ခါကျထားတာ…ဖေဖေကလည်း အဲ့ကိစ္စနဲ့ပက်သက်ပြီးစိတ်သောကရောက်နေတာ တော်တော်ကြာပြီ…ပြီးတော့လေးရုံကလည်း ပန်းရုံဘယ်လောက်ပဲသင်ပြပြ ဂိုက်တွေဘယ်လိုပဲခေါ်ခေါ် သင်ယူချင်စိတ်မရှိတော့ခက်တယ်…အဲဒါမနေ့ညတုန်းက သက်ပိုင်ဆီမှာစာသင်ချင်တယ်ဆိုလို့"
ВИ ЧИТАЄТЕ
ဆရာလေးကိုပဲ အသည်းစွဲအောင်ချစ်မိပြီ(Complete)
Короткі історіїစံကားတစ်ပွင့် သက်သေတည် ဆရာလေးကို ကျွန်တော်ချစ်သည်......။💌
Part 5
Почніть із самого початку