အမှောင်တိုင်းပြည်ကို အမှောင်ဘုရင်ကြီးကအုပ်ချုပ်တယ် အမှောင်ဘုရင်ကြီးက ထူးခြားတဲ့စွမ်းရည်တွေရှိတယ် ဒါကြောင့်ပဲ တိုက်ပွဲတခု စစ်ပွဲတခုဆိုရင်တောင် သူတို့ပဲနိုင်တယ် သူတို့ကနေရောင်ကိုမခံနိုင်ဘူး အမှောင်ထဲမှာပဲနေကြတာ အလင်းကိုထိလိုက်တာနဲ့တို့အသားတွေကပဲ့ကျကုန်ရော

အဲ့ဒါကြောင့်ပဲ သူတို့တွေဟာ တခါမှ အမှောင်တိုင်းပြည်ကနေထွက်မသွားဖူးဘူး ဒါပေမဲ့ လူသားမျိုးနွယ်တွေက အမြဲလာတိုက်ခိုက်တယ် တိုက်ပွဲတခု စစ်ပွဲတခုဖြစ်လိုက်တိုင်း အမြဲတမ်း သူတို့ရဲ့မောင်နှမသားချင်းတွေဆွေမျိုးတွေခင်ပွန်းတွေသားသမီးတွေကိုဆုံးရှုံးရတယ် ကြာလာတော့ အမှောင်တိုင်းပြည်ကလူတွေဟာ လူသားမျိုးနွယ်ဆိုရင် အမုန်းကြီးမုန်းသွားကြတော့တာပဲ

အခုလဲ သူတို့တိုင်းပြည်ရဲ့အမှောင်ဘုရင်ကြီးဟာ အတွင်းလူရဲါသစ္စာဖောက်မူ့တခုကြောင့်စွမ်းအားအရင်းအမြစ်တခုလုံးထိခိုက်ခဲ့တယ်

ဒါကြောင့်ပဲ နှစ်ပေါင်းများစွာအိပ်ပျော်မဲ့အလားအလာရှိနေတယ်

အမှောင်ဘုရင်ကြီးက သူအိပ်မပျော်သွားခင်မှာ မူလရင်းမြစ်ဝိဉာဉ်တစကိုဆွဲထုတ်ခဲ့ပြီး လူဝင်စားစေဖို့ရှိသမျှကြီးကြီးမားမားပေးဆပ်ခဲ့တယ်

အခုတော့ အဲ့မူလရင်းမြစ်ဝိဉာဉ်လေးဟာလူသားမျိုးနွယ်ဆီမှာလူဝင်စားလောက်ပြီပေါ့

အမှောင်နန်းတော်ရဲ့နန်းပုလ္လင်ထက်မှာ အမှောင်နန်းတော်သခင်ကြီးက ငြိမ်းချမ်းစွာအိပ်စက်လို့နေတယ်

သူ့ရဲ့အသားအရေက ဖြူလွန်း‌နေပြီးဖျော့တော့နေတာကြောင့် မသိရင် လူသေတစ်ယောက်လိုပဲ

စေ့ပိတ်ထားတဲ့မျက်လုံးများကိုဝန်းရံထားတဲ့မျက်တောင်တွေကရှည်လျားကော့ညွတ်နေကာ နှာတံချွန်ချွန်းလေးအောက်ကနှုတ်ခမ်း‌တို့ကသွေးရောင်မရှိပေမဲ့အမှောင်ဘုရင်ကြီးရဲ့လှပမူ့ကိုပုန်းကွယ်‌စေဖို့မတတ်နိုင်ခဲ့ဘူး

ကြံခိုင်တဲ့တည်‌ဆောက်ပုံနဲ့ကြီးမားတဲ့ခန္ဒာကိုယ်ဟာ ပုလ္လင်ဖထက်မှာငြိမ်သက်လို့နေတယ်

(Og)ကောင်းကင်ရဲ့သမီးတော်ကလူ့ပြည်ကိုပြုတ်ကျလာတယ်(oc. Nl..uni & zgi )Where stories live. Discover now