" အဆင်မပြေဘူး အိမ်ပြန်မယ် "

" အင်း "

" ဟိုမင်းသား အခြေနေကိုကြည့်ဦးမယ် သူခင်ဗျားကို လိုတာထပ်ပိုပြီးထိလာတွေ့လာရင် ကျုပ်အဆင်မပြေဘူး အိမ်ပြန်မယ် "

" ဟင် "

ပေါင်ပေါ်က ကိုယ်လေးက သူ့ဘက်မျက်နှာလေး
လှည့်ကာမေးလာပြီမို့ ဝီရဦးခေါင် ငေးနေမိသည် ။

အနီးကပ်မို့လား မသိ နေနေ့ ပါးဖောင်းဖောင်းလေးပေါ်က သွေးကြောမျှင်မျှင်လေးတွေနဲ့ စံပယ်တင်မှဲ့ကလေးကိုတောင်မြင်နေရတယ် ။

" ဟင်လို့ "

ရွှတ်

" ဝီရဦးခေါင် "

" ပါးထိုးပေးပြီး ကျုပ်မနမ်း နမ်းအောင် ခင်ဗျား မြူဆွယ်နေတာပေါ့ ခင်ဗျား နိုင်ပါတယ် နေဥတ္တရာ "

" မဟုတ်ဘူး ငါကဘာလို့ မြူဆွယ်ရမှာလဲ "

တွေ့လားပြောရင်းနဲ့ သူ့ဘက်ကို မျက်နှာနုနုလေးကလှည့်လာပြန်ပြီ ။

သူမကြိုက်ဘူး လို့ ဝီရဦးခေါင်က မန်ထိုပေါက်စီမကြိုက်ဘူး ။

" ထပြီး ကျုပ်ရှေ့တည့်တည့်ရပ် ပြီးရင် ကျုပ်မျက်နှာကို သေချာကြည့် "

ဒီတစ်ခါ တော့ အကြောတင်းက သူ့စကားအတိုင်း ထရပ်လာသည် ။

" ခင်ဗျား ဘယ်လိုနေသေးလဲ အဖျားရှိသေးလား "

" ငါ မဖျားတော့ဘူး မင်းပေးတဲ့ဆေးသောက်ထားတယ် အပြန်ကျရင် လည်း ငါဆေးခန်းဝင်ပြီးဆေးထိုးဦးမှာ ဒေါက်တာခြင်းခြင်းက ငါ့ကိုလာဖို့ပြောထားတယ် "

" ဒေါက်တာက ယောကျာ်း လား မိန်းမလား "

" ယောကျာ်းလေးပါ "

" လူအိုလား လူငယ်လား "

" ငါ့ထက်တော့ ငယ်မယ် ထင်တယ် "

" အိမ်ထောင်ရှိလား မရှိဘူးလား "

" ရှိတယ် သူ့အမျိုးသား လာလာကြိုပေးတာမြင်ဖူးတယ် "

" အပြန်ကျရင် ကျုပ်နဲ့ သွားမယ် "

" အင်း ဒါဆိုငါတို့ ရိုက်ကွင်းကို သွားရအောင် "

" ကျုပ်လက်ကို တွဲထား ပြီးတော့ ခင်ဗျား နောက်တစ်ခါ အစည်းအဝေးလုပ်ရင် ပြောထားလိုက် ကျုပ်က ခင်ဗျားအမျိုးသားဆိုတာ "

CEO's Possessively Boyfriend Where stories live. Discover now