Chapter45~56(Unicode)Mature

958 77 0
                                    

45

ကျင့်ကြံခြင်းလောက၏ အတင်းအဖျင်းအသစ်။

ခွန်အားကြီးပြီး ငယ်ရွယ်ချောမောသော်လည်း စိတ်တိုလွယ်သော ဆယ်သတ်သမား ကျန်းကျွင်း သည် နောက်ဆုံးတွင် တောက် လက်တွဲဖော်ရှိသွားပြီ။

"ငါ ကြားတာတော့ တောက် လက်တွဲဖော် မဟုတ်ပဲ အိမ်မွေး တရိစ္ဆာန်တဲ့"

"အဲ့ဒါက အတူတူပဲမဟုတ်ဘူးလား? ဘာပဲဖြစ်ဖြစ် သွားနှောင့်ယှက်ဖို့ မစဉ်းစားနဲ့ မဟုတ်ရင် သေခြင်းတရားနဲ့ ရင်ဆိုင်နေရလိမ့်မယ်"

"အိမ်နီက ဆယ်သတ်သမားရဲ့ အိမ်မွေးတိရစ္ဆာန်ကို လေလံတင်ဖို့ ခိုးယူသွားခဲ့တယ်လေ ရလဒ်အနေနဲ့က ခန်းမက လုံးဝကိုပျက်စီးသွားခဲ့တယ်..."

"ဒါဆို သူ့အဖော်က ဘယ်လိုပုံစံလဲ"

"တကယ်ကိုလှတာ မတရားကိုလှလွန်းတယ်။"

"......"

ဒါ သိသာနေတာပဲလေ ပြောဖို့တောင် မလိုနေဘူး

46

အခု ဆို တာအိုကျင့်ကြံသူ ဘေးမှာ တစ်ယောက်ယောက်ရှိနေပြီ။

လူတော်တော်များများက သဘောပေါက်သွားကြပြီး သူတို့ထဲတွင်  ယခင်က မြေခွေးလေးကို ဝယ်လိုသော ကျင့်ကြံသူ အမျိုးသမီးလည်း ပါဝင်သည်။

တာအိုကျင့်ကြံသူသည် မြေခွေးလေး အတွက် မနက်စာ သွားဝယ် ပြီး ပြန်လာချိန်တွင် မျက်လုံးများနီရဲနေသော မြေခွေးလေးကို တွေ့လိုက်ရလေသည်။

ဘာတွေများဖြစ်ခဲ့တာပါလိမ့်?

ထို့နောက် တွင်တော့ နတ်ဆိုးလေးနှင့် မျက်နှာချင်းဆိုင် ထိုင်နေသော အမျိုးသမီး ကျင့်ကြံသူကို သူတွေ့လိုက်ရသည်။

ဒီအမျိုးသမီး ကျင့်ကြံသူက ဘယ်သူလဲ?တာအိုကျင့် ကြံသူသည် သူမကို မသိနေပေ။

"ဘာဖြစ်တာလဲ?" တာအိုကျင့်ကြံသူက မြေခွေးနတ်ဆိုးလေးကို မုန့်ချိုပေးရင်း မေးလိုက်သည်။

မြေခွေးလေးသည် ခဏမျှ တွေးလိုက်မိသည်။ တာအိုကျင့်ကြံသူက တခြားသူတွေပြောသမျှကို ပြန်ပြောပြရမယ်လို့ သူ့ကိုပြောခဲ့တယ်။

အမြှီးနှစ်ချောင်း မြေခွေးနတ်ဆိုးလေးနှင့် သူ၏ တာအို ကျင့်ကြံသူ ကုံးWhere stories live. Discover now