Chapter 29~44(ZawGyi)

407 13 0
                                    

29

သူတို့ဟာ နှစ်ယောက်တွဲကျင့်ကြံခြင်းကို ခုနစ်ရက်နှင့် ခုနစ်ညကြာအောင် လုပ်ဆောင်ခဲ့သည်။

မြေခွေးနတ်ဆိုးလေး၏ ခန္ဓာကိုယ်က ခံနိုင်ရည် မရှိတော့လို့သာ မဟုတ်ရင် တာအို ကျင့်ကြံသူ သည် ရက် အနည်းငယ် ကြာအောင် နှစ်ယောက်တွဲကျင့်ကြံခြင်းကို ဆက်လုပ်ဉီးမှာ ဖြစ်သည်။

မြေခွေးလေးဟာ ပင်ပန်းလွန်းလို့ အိပ်ပျော်သွားတော့သည်။တာအို ကျင့်ကြံသူသည် နာခံမှုရှိစွာ အိပ်ပျော်နေသော မျက်နှာလေးကို ပွတ်သပ်လိုက်ရာ သူ့နှလုံးသားထဲတွင် ချစ်ခြင်း ပူဖောင်းလေးများထ လာကာ ပျော်ရွှင်သွားသလို ခံစားလိုက်ရသည်။

ဒါပေမယ့် သူ့မှာ လုပ်စရာတွေ ရှိသေးတယ်။

တာအို ကျင့်ကြံသူ သည် မျက်မှောင်ကြုတ်လျက် စည်းတံဆိပ်တစ်ခုကိုဆွဲကာ မြေခွေးလေး၏လက်ထဲသို့ ထည့်လိုက်သည်။

30

မြေခွေး နတ်ဆိုးလေးနိုးလာသောအခါ တာအို ကျင့်ကြံသူ ကို မတွေ့ရပေ။သူ့လက်ထဲတွင် စာရွက်တစ်ရွက်ရှိနေလေသည်။ ၎င်းသည် ယခင်က တာအို ကျင့်ကြံသူ ရေးဆွဲပေးခဲ့သော စည်းတံဆိပ်ဖြစ်သည်။

မြေခွေးနတ်ဆိုးလေးသည် ခေါင်းကို စောင်းငဲ့ကာ သူ၏ဝိညာဉ်စွမ်းအင်ကို တံဆိပ်ထဲထည့်ခြင်းတွင် လေ့ကျင့်ခဲ့သည်။ တာအို ကျင့်ကြံသူ ၏ အသံသည် တံဆိပ်အတွင်းမှ ထွက်ပေါ်လာသည်။

"ရှောင်မျန်ဟွ ကိုယ် ပန်းပဲဖိုကို သွားတယ် ။ မင်းနိုးလာတဲ့အခါ မင်းအပြင်ထွက်ပြီး လှည့်ပတ်ကြည့်နိုင်တယ်၊ ဒါမှမဟုတ် ကိုယ့်ကိုရှာဖို့ ပန်းပဲဖိုကို လာလို့ရတယ်နော်"

တာအို ကျင့်ကြံသူ က သူ့ကို မစွန့်ပစ်ခဲ့ဘူးပဲ။

မြေခွေးနတ်ဆိုးလေးသည် အမှာစကားကို ထပ်ခါထပ်ခါ နားထောင်ပြီးနောက် သူ့အဝတ်အစားထဲသို့ ဂရုတစိုက်ထည့်လိုက်သည်။

31

မြေခွေးနတ်ဆိုးလေးသည် တာအို ကျင့်ကြံသူ ထံ သွားခဲ့သည်။
သို့သော် သူလမ်းလည်း မသိ စာလဲမဖတ်တတ်ပေ။ထို့ကြောင့် သူသည် တစ်စုံတစ်ဦးကို လမ်းညွှန်ရန်သာ တောင်းဆိုနိုင်သည်။

အမြှီးနှစ်ချောင်း မြေခွေးနတ်ဆိုးလေးနှင့် သူ၏ တာအို ကျင့်ကြံသူ ကုံးWhere stories live. Discover now