Chapters 1 ~ 14(Unicode) Mature

2.8K 126 5
                                    

1

ဒီတစ်ကြိမ်သည် မြေခွေးနတ်ဆိုးလေးတောင်ပေါ်မှ ပထမဆုံးအကြိမ်ဆင်းလာခြင်းဖြစ်သည်။

မြေခွေးမျိုးနွယ်စုတွင် ပိုမိုကောင်းမွန်သော ကျင့်ကြံနည်း တစ်ခုရှိကြောင်းနှင့်အဲ့ဒါက ယန်စွမ်းအင်ကောင်းသည့် လူသားများကို ရှာဖွေပြီး ယန်စွမ်းအင်ကို စုပ်ယူသည့် နည်းဖြစ်ကြောင်း ၎င်း၏မိခင်က ပြောကြားခဲ့သည်။

ဘာလို့ယန်စွမ်းအင်များတဲ့ သူကို လိုအပ်လဲဆိုရင် တကယ်လို့ သူတို့ ယန်စွမ်းအင်ကို စုပ်ယူလိုက်ပါက ထိုသူများသေသွားနိုင်သောကြောင့်ပေ။

သူတို့သည် ကျင့်ကြံသော မြေခွေးနတ်ဆိုးများဖြစ်သော်လည်း မည်သူ့ကိုမျှ မသတ်ချင်ကြပေ။

2

မြေခွေးလေးသည် သူ့ကံကောင်းသည်ဟု ထင်သည်။

အလွန်ပြင်းထန်သော ယန်စွမ်းအင်ရှိသော လူသားတစ်ဦးကို တွေ့ရန် အချိန်သိပ်မကြာခဲ့ပေ။

သူ့မျက်နှာက နည်းနည်းအေးစက်နေပေမယ့် အရမ်းချောတယ်။

မြေခွေးလေး က သူရဲ့နီရဲနေသော မျက်နှာလေးကို ထိလိုက်သည်။

တည်းခိုခန်းမှာ လူတွေပြည့်နေပြီး ထိုင်ခုံအားလုံးနီးပါး ပြည့်လုနီးနီးပင်။

အားပြင်းတဲ့ ယန်စွမ်းအင်ရှိသော လူသား၏ မျက်နှာချင်းဆိုင်တစ်နေရာ တွင်သာ နေရာအလွတ်ရှိနေသည်။

"နိ့ဟောင် ကျွန်တော်ဒီမှာထိုင်လို့ရမလား"

3

ဤမြေခွေးနတ်ဆိုးလေး၏ အကဲခတ်ညံ့ခြင်းကို ခွင့်လွှတ်ပါ။

သူ့ဘေးမှာထိုင်နေတဲ့လူဟာ သာမန်လူမဟုတ်ပဲ တာအို ကျင့်ကြံသူမှန်း သူလုံးဝ မသိပေ။

တာအို ကျင့်ကြံသူ လည်း ဒီလို နုံအတဲ့ နတ်ဆိုးလေးကို မတွေ့တာကြာပြီ။

အိုး ပြီးတော့ ဒါက မြေခွေးနတ်ဆိုးလေးပဲ!!

သူ့ခန္ဓာကိုယ်က အရမ်းသန့်ရှင်းတယ်၊ သွေးရနံ့လည်းမရှိဘူး... ဝမ်းနည်းပူဆွေးမှုလည်းမရှိ၊ ညစ်ညမ်းတဲ့အနံ့အသက်တွေ မရှိဘူး။ သူ့ရဲ့နတ်ဆိုးရောင်ဝါက ကြည်လင်တောက်ပနေတာပဲ
{T/N- အဲဒါက သူဘာ မကောင်းမှုတစ်ခုမှ မလုပ်ဖူးသေးဘူးလို့ဆိုလိုချင်တာပါ။}

အမြှီးနှစ်ချောင်း မြေခွေးနတ်ဆိုးလေးနှင့် သူ၏ တာအို ကျင့်ကြံသူ ကုံးWhere stories live. Discover now