Idol❤️

4 1 0
                                    

ကိုယ်ဟာ တကယ်တော့ ရည်းစား မရိှ။ Crushမရိှ ။ သူငယ်ချင်း အပေါင်းအသင်းလည်း အများကြီးမရိှတဲ့ သာမာန် ခပ်အေးအေး လူငယ်လေးတစ်ယောက်ပါပဲ။

မိသားစု၀င်နည်းတ့ဲ ကိုယ်က တွယ်တာစရာလည်း အများကြီး မရိှပါဘူး။ ဒါပေမယ့် ကိုယ့်မှာ ကိုယ်သဘောကျရတ့ဲ Idolလေးတွေရိှတယ်။

အနုပညာကို ကိုယ်တိုင် မလုပ်နိုင်ပေမယ့် တခြားသူတွေရ့ဲ လုပ်ဆောင်ချက်တွေကိုတော့ ကိုယ်အပြည့်အ၀ နားလည် ခံစားနိုင်တယ်။

သဘောကျတဲ့ Idolရ့ဲ ပွဲတွေဆို လူတွေများလည်း မရမက သွားပြီး၀န်းရံမယ်။
ချစ်ရတဲ့ Idolန့ဲ အတူ ဓာတ်ပုံတွဲရိုက်ရက
လည်း ပြောမပြတတ်လောက်အောင် ကြည်နူးရခြင်းမျိူးပါ။

ကိုယ့်မှာ အိပ်မက်တစ်ခုရိှတယ်။ အ့ဲတာက ကိုယ်သဘောကျရ့ဲ အနုပညာနယ်ပယ်အသီးသီးက ကိုယ်စံထားရတ့ဲ idolတွေကို သွားတွေ့ချင်တယ်။ ကမ္ဘာအရပ်ရပ်မှာလည်း ရိှသလို ကိုယ့်နိုင်ငံအတွင်းမှာလည်း ရိှတ့ဲ တချို့သောလေးတွေပေါ့။

ကိုယ်က သာမာန် လူလတ်တန်းစား လခစားသမားဖြစ်တာကြောင့် ငွေကြေးပြည့်စုံတ့ဲ လူတွေလိုတော့ ကိုယ့်idolကို အပြည့်အ၀ supportingမပေးနိုင်ပေမယ့် ကိုယ့်idolရ့ဲ social mediaမှာ အမြဲ သတိတရရိှကြောင်းပြလို့ရတယ်။ postလေးတွေ reactionလုပ်မယ်။commentလေးတွေ ၀င်ရေးမယ်။
အခါအားလျော်စွာ u tubeမှာ videoတွေတင်ရင်သွားstreamမယ်။ ကိုယ့်idolက publicပွဲတွေ promotionပွဲတွေ ဖိတ်ကြားခံရတယ်ဆိုလည်း အားတက်သရော အပြေးလေးသွားတွေ့မယ်။ ရုပ်ရှင်သရုပ်ဆောင်ပိုင်းပါ တာ၀န်ယူထားတ့ဲသူဆိုရင်လည်း သူ့Movieတွေ ရုံတင်ရင် သွားကြည့်မယ်။ သူ့seriesတွေ ထွက်ရင် ကြည့်မယ်။

အ့ဲလောက်လေးပါပဲ ကိုယ့်၀ါသနာအရ ကိုယ်တက်အားသရွေ့လေးပေါ့။ supportလုပ်ပေးနိုင်တာ မဟုတ်သည့်တိုင်း ဒီတိုင်းလေး သဘောကျနေလို့ ရတာပဲလေ~

ဘာဖြစ်ဖြစ် idolဆိုတာမျိုးက ဖြစ်တည်မှုကိုချစ်မြတ်နိုးရခြင်းအပြင် လေးစားတန်ဖိုးထားခြင်းတွေပါ ပေါင်းစပ်ပြီး ဖွဲ့စည်းထားတဲ့ မိမိတို့ရ့ဲအတွင်းစိတ်ထဲက ရတနာလေးတွေမလား~

12:08PM

24.October.2023
#My Imaginary Dreamland

My Imaginary DreamlandWhere stories live. Discover now