အချစ်ဦး

11 1 0
                                    

အချစ်ဦးက ဘယ်လိုမျိုးလဲဆိုရင် ရိုးရိုးရှင်းရှင်းလေးပါပဲ

ဘ၀မှာ ပထမအကြိမ် သဘောကျဖူးတ့ဲ လူလည်းမဟုတ်ဘူး

ပထမဆုံးအကြိမ် တွဲဖူးတ့ဲ ရည်းစားဦးလည်း မဟုတ်ဘူး

ပထမဆုံးအဖြစ် first kissပေးဖူးတ့ဲ လူလည်းမဟုတ်ဘူး

ပထမဆုံး dateလုပ်ဖူးတ့ဲလူလည်းမဟုတ်ဘူး

ဒါပေမယ့် ကိုယ့်အတွက်တော့အချစ်ဦးက စိတ်ကူးယဥ်ဆန်တယ်ဗျ

ပထမဆုံးအကြိမ်အဖြစ် အချစ်ကို လက်ခံစေခ့ဲတ့ဲ တစ်ဦးတည်းသောသူပါပဲ

~သူ့ကို တွေ့ဖို့အခွင့်ရေးမရိှသည့်တိုင်

~သူ့ကို ချစ်ကြောင်းပြောပြဖို့ အခွင့်အရေး မရိှသည့်တိုင်

~သူပြောပြဖူးတ့ဲ စိတ်ကူးယဥ် အိပ်မက်တွေကို အတူအကောင်အထည်ဖော်ဖို့ အခွင့်ရေးမရသေးသည့်တိုင်

~သူ့ကို နေ့တိုင်း နေ့တိုင်း လွမ်းနေပြီး အမြဲ သတိတရရိှနေကြောင်းသူသိခွင့်မရသည့်တိုင်

~သူငယ်ချင်းရော ရည်းစားပါဖြစ်ခ့ဲဖူးတ့ဲ သူန့ဲ သူငယ်ချင်းရော ရည်းစားအဖြစ်ပါ ပြန်ဖြစ်ခွင့်မရတော့တ့ဲ သူရ့ဲ အတိတ်က ရည်းစားဟောင်းအဖြစ်သာ မှေးမိှန်သွားတ့ဲ ဖြစ်တည်မှုတစ်ခုအဖြစ်သာ ကျန်ရိှခ့ဲသည့်တိုင်

အတိတ်ဆိုပေမယ့် တချို့သောချစ်ခြင်းတွေက အချိန်ကြာလည်း မပြောင်းလဲဖူးဆိုတာကို
ကိုယ့် အချစ်ဦးလေး သိရင်သိပ်ကောင်းမှာပဲ

အချစ်ဦးဆိုတာတော့ မေ့ဖျောက်ရခက်တ့ဲ လှပတ့ဲ အိပ်မက်ငယ်လေး တစ်ခုလိုပါပဲ

နှစ်တွေ ကြာလာလည်း အချစ်ဦးကတော့ အချစ်ဦးပါပဲ~

အချစ်ဆိုတာကို သင်ကြားပြပေးခ့ဲဖူးတ့ဲ စိတ်ကူးန့ဲပဲဆက်ရှင်သန်တော့မယ့် လှပတ့ဲ အိပ်မက်ငယ်လေးရယ်ပါ~

15.October.2023
4:00pm

#My Imaginary Dreamland

My Imaginary DreamlandWhere stories live. Discover now