💙Blue Sky💙

9 1 0
                                    

💙Blue Sky💙

ကောင်းကင်ကို ငေးရင်း ကြည်နူးရတာ ကြိုက်တ့ဲ သူလေးတစ်ယောက်ရိှတယ်

သူ့အတွက်တော့ စိတ်ညစ်စရာတွေရိှရင်လည်း အဖြူရောင်တိမ်စိုင်လေးတွေန့ဲ ၀န်းရံထားတ့ဲ ပြင်ပြာပြာကောင်းကင်ကြီးကို မော့ကြည့်လိုက်ရုံနဲ့တင် ဘ၀အမောတွေ အနည်းငယ်မျှ လျော့ကျသွားသလိုမျိုး ခံစားရစေတယ်တ့ဲ။

အလုပ်ပင်ပန်းလာတဲ့ အလုပ်ပြန်ချိန်တွေမှာဆို YBSပေါ်ကနေ နားကြပ်လေးတပ် သီချင်းလေး နားထောင်ရင်း မိုးပြာရောင်ကောင်ကင်ပြင်နဲ့ တိမ်စိုင်ပါးပါးလေးတွေက သူ့အတွက်တော့ ကမ္ဘာ့အခမ်းနားဆုံး ပန်းချီကား တစ်ချပ်ကို စီးမြောခံစားရင်း ကြည့်ရတ့ဲ feelingတစ်မျိုးလိုပါတ့ဲ။

၀မ်းနည်းနေတ့ဲအချိန်၊ ဘယ်သူ့ကိုမှ ပြောပြလို့မရတ့ဲ ခံစားချက်တွေ ပြည့်သိပ်နေတ့ဲ အချိန်မျိုးမှာတောင် သူ တိတ်တဆိတ်န့ဲ ကောင်းကင်ကြီးကို ရင်ဖွင့်နေလေရ့ဲ။~

သူ့အတွက်ကတော့ နေ့တိုင်း နေတိုင်း ရုန်းမထွက်နိုင်တ့ဲ အခက်ခဲတွေကြားမှာတောင် လက်တွဲ မဖြုတ်တ့ဲ နွေးထွေးတဲ့ အဖော်မွန်လေးပါတ့ဲ~

17.October.2023
8:30AM

#My Imaginary Dreamland

My Imaginary DreamlandWhere stories live. Discover now