🏠အိမ်🏡

13 1 0
                                    

အိမ်လို့ပြောလိုက်တာန့ဲ
ငယ်ဘ၀တုန်းကဆို အိမ်ကြီး အိမ်ကောင်းတွေ တိုက်အိမ်ကြီးတွေပဲ မျက်လုံးထဲရိှခ့ဲတာပေါ့

လမ်းသွားရင်း ခပ်လန်းလန်း ခပ်မိုက်မိုက် တိုက်အိမ်ကြီးတွေ မြင်လည်း ငေးမိတာပေါ့

ခြံအကျယ်ကြီးန့ဲ အိမ်ရှေ့ ခြံပတ်ပတ်လည်မှာ အလှ ပန်းပင်လေးတွေ ၀န်းရံလို့ စိမ်းစိမ်းစိုစိုန့ဲပေါ့

အိမ်က လေ၀င်လေထွက်ကောင်းအောင် ပြတင်းပေါက်တွေ အများကြီးရိှနေမယ်။ အလင်းရောင် ကောင်းကောင်းရအောင် မျက်နှာစာမှာ မှန်တွေ ပတ်ပတ်လည်န့ဲ အပြင်က ရှုခင်းတွေ အကုန်ခံစားလို့ ရမယ့် ဇိမ်ခံ အိမ်ကြီးတွေကိုပဲ အိပ်မက် မက်ခ့ဲတာပေါ့

ချမ်းသာတ့ဲ ဇာတ်လမ်းနောက်ခံထဲက ခေတ်မီမီ အိမ်ကြီးတွေပေါ့။ ပရိဘောဂ အစုံအလင်ရိှမယ် ။ သီးသန့်နေလို့ရမယ် အခန်းတွေလည်း များမယ်။ ကိုယ်ဆို introvertဖြစ်တာကြောင့် လူများများန့ဲ နေရတာ တကယ် အသက်ရှူ မချောင်ဘူး

စိတ်ကြောင့်ဖြစ်တာပဲလားမသိပေမယ့် လူတွေရ့ဲ အငွေ့အသက်ကို မခံစားနိုင်ဘူး။ မိသားစု၀င် ဖြစ်လင့်ကစား လူများများစုလာရင်ကို ကိုယ်အသက်ရှူကြပ်လာရော။ အ့ဲတော့ ကိုယ့်လို လူမျိုးအတွက်အိမ်ဆိုတာက privateဆန်တ့ဲ အခန်းမျိုးတွေ များနေမှ အဆင်ပြေတာမျိုးလေ

အိမ်က ဟောကြီးလိုမျိုးကို ပြီးမှ နေရာ
ပြန်ကန့်တာထက် သူ့နေရာန့ဲသူ အခန်းသီးသန့်လေးတွေ ရိှနေစေချင်တာ

အရင်ဆုံး ဘုရားခန်း၊ ဧည့်ခန်း၊ အပန်းဖြေဖို့အတွက် TVတို့ ဂိမ်းတို့အတွက်က သပ်သပ်တစ်ခန်း၊ မိသားစု၀င်အစေ့ အိပ်ခန်းတစ်ယောက်တစ်ခန်း၊ စာဖတ်ခန်း၊ အ၀တ်လဲခန်း၊ မီးဖိုချောင်၊ workoutလိုဖို့ Gymခန်းလိုအသေးစားလေးကအစ အ့ဲလို သူ့နေရာသူ အဆင်ပြေပြေ နေထိုင်လို့ရမယ့် အိမ်လေးပေါ့။

နောက်ဆုံး ရေချိုးခန်း၊ အိမ်သာကအစ လုစရာမလိုအောင်ကိုယ့်ဟာကိုယ် သီးသန့်လိုမျိုးလေးပေါ့~

အနည်းဆုံးတော့ အိမ်ဆိုတာမျိုးက မိသားစုန့ဲလည်း နွေးနွေးထွေးထွေး အတူရိှနေမယ်။ သို့သော် ကိုယ်ပိုင်အချိန်လည်း မပျောက်ဆုံးသွားရဘူး။ အ့ဲလိုရိုးရိုးလေးပါပဲ~

18.October.2023
12:26PM

#My Imaginary Dreamland

My Imaginary DreamlandTahanan ng mga kuwento. Tumuklas ngayon