Episode 17🍀

576 23 2
                                    


"ဟယ်လို"

"ဘာ ဟယ်လိုလဲ ကိုကိုကလဲ ကို့ကိုကောင်လေးကို မမှတ်မိတော့ဘူးလားလို့"

ဥက္ကာမှာ အချွဲတော်လေးအဖြစ် တစ်ဖုံ.....

"ဟို ဆရာက မြေမြို့စိုက်ခင်းဘက်ရောက်နေတာရှင့်။"

"ဟမ်....နင်...နင်က ဘယ်သူလဲ ။ကိုဟိမ်းဖုန်းက နင့်ဆီကို ဘာလို့ရောက်နေတာလဲ"

ဥစ္စာပျောက်တဲ့ အရူးအဖြစ်တစ်ဖြတ်...ဟဲဟဲ

"ဆရာ့အတွင်းရေးမှုးပါရှင့်။ဟိုဘက်ကရော ဘယ်သူလို့ပြောပေးရမလဲ"

"နင်သိစရာမလိုပါဘူး။ကိုဟိမ်းကို ဖုန်းပေးလိုက်"

"ဆရာက အလုပ်အတွင်းမှာမို့ပါ။ကိစ္စရှိရင် ပြောထားခဲ့လို့‌ရပါတယ်ရှင့်"

"တော်ပြီတော်ပြီ ချမယ် ဒါဘဲ"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဟက်‌ ကောင်လေး မနက်စာလာစားတော့"

"အီးးး မမရာ ကျွန်တော့်ကို ကိုဟိမ်းက မချစ်တော့ဘူး"

"အို မင်းနှယ့် ဘာဖြစ်တာလဲ"

"ဖုန်းဆက်တာ အတွင်းရေးမှုးကိုင်တာ"

"ဘယ်လို?"

"ဟုတ်တယ် အရင်ကဆို ယောကျာ်းလေးထားတာကို ပြောင်းပြစ်လိုက်တာ ကျွန်တော့်တောင် မပြောဘူး"

"နင်နဲ့ရန်ဖြစ်ထားတာကို သူက လာပြောမလား"

"မမ မသိပါဘူး ကျွန်တော်က ကိုကို့အောက်ခံဘာရောင်ဘယ်ဆိုဒ်ဆိုတာက အစသိတယ် ကိုကိုက အကုန်ပြောပြတာကို"

"ဟင်။ဟဲ့"

"မမကတစ်မျိုး မစားဘူး ဘာမှ ကျွန်တော့်ကို ဆရာက‌ အလုပ်မှာတဲ့ အချွဲတစ်လှိုင်းအသံနဲ့ ပြောသွားတာ "

"ဟဲ့သူက အလုပ်မှာဆိုတော့ အဲတစ်ယောက်က ဘယ်ရောက်နေလို့လဲ"

"အဲတာပြောတာပေါ့ မြေမြို့စိုက်ခင်းသွားတာတဲ့။ကျွန်တော့်ကို ဖုန်းပေးလို့ မရဘူးတဲ့လေ"

"အဲတာလဲ ဖြစ်နိုင်ပါတယ်ကွယ်။မင်းကလဲ သွားချော့မယ်ဆို မြေမြို့လိုက်သွား။သွားရင်လဲ ငါ့အတွက်  ဆွယ်တာ‌နဲ့ပဝါ‌လှလှလေး ဝယ်ခဲ့"

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Where stories live. Discover now