Episode 14🍀

528 24 0
                                    


"11:11pmတဲ့ လွမ်းလိုက်တာ မေရယ်"

ဆိုကာ သန်းခေါင်ယံညရဲ့ ညဉ့်နက်ထဲမှာ ထိပ်ထားတစ်ယောက် သူ့ချစ်ရသူအမျိုးသမီးလေးအကြောင်းအား တွေးကာနေလေသည်.....။

"မေ...အမှောင်ထဲက..ငွေကြယ်များထက်..."

"အမယ်လေး မေ"

ရုတ်တရတ်မြည်လာတဲ့ phone ringtone နဲ့အတူ phonescreen က နံပါတ်တစ်ခုကြောင့် အံဘြမှုများနဲ့ တစ်စုံတစ်ထားမှာ ဖုန်းတောင် လွှတ်ကျမိသည်လေ....

"ဟယ် ဟယ်လို မေလားဟင်"

"အို...မင်းနှယ် တစ်ရေးနိုးတောင် မေတုန်း"

"ကျွန်တော် မအိပ်ရသေးဘူး မေရဲ့။မေ့အကြောင်းတွေးနေရင်း မေ့ဖုန်းဝင်လာတော့ ကျွန်တော်တို့ စိတ်ဆက်နေတယ်လို့ ပြောလို့ရတာပေါ့နော်"

"အို..‌ေပါက်ကရ ကလေးမရယ်။မင်း တို့ကို သတိမရတဲ့အချိန်ရော ရှိသေးရဲ့လား"

"တကယ်ပါမေရယ်။ကျွန်တော်‌ေလ....

မေ့့အကြောင်းမတွေးဘဲ အိပ်စက်ဖို့ဆိုတာ
ကမ္ဘာမြေကြီးပေါ်က သဲပွင့်တွေကို
တစ်ပွင့်ချင်းစီ ရေတွက်ဖို့
ကြိုးစားနေသလိုပါဘဲ မေ..."

ဒီကလေးမက ပြောလိုက်ရင် လူကို အနေခက်စရာတွေကွယ်..။ဒါပေမယ့် ရင်ခုန်သလို‌ေတာ့ရှိသားရယ်.....

မမှတ်သေးဘူးလား မိမေဝင့်ဝါရယ်
အရင်တစ်ယောက်တုန်းကလဲ
ခံလာခဲ့ရတာကို ခံစားချက်‌ေတွ ထိန်းသိမ်းထားအုန်း...

ထိုအခါမှ မေဝင့်ဝါ ကိုယ့်ကိုကိုယ်သတိပေးရင်း...

"မင်းရဲ့ talkies ကောင်းပါတယ် ကလေးမရယ်။အခြားတစ်ယောက်ဆို လွယ်"နဲ့ရလိမ့်မယ်ကွယ်။တို့ဆီလာပြီး အပင်ပန်းခံမနေပါနဲ့။တို့ဖုန်းဆက်တာလဲ မင်းဒယ်ဒီအလုပ်က ပြန်လာပြီလားလို့ရယ်"

"နှလုံးသားလေဗျာ သူခိုင်းစေတဲ့အတိုင်း နာခံရတာပါ။လက် မခံချင်ရင်နေပါ ရပ်တန့်ဖို့တော့မပြောပါနဲ့ မေ။"

"ဟုတ်ပါပြီကွယ်။ကျွန်မ ‌ေမးတာ‌ေလးလဲ မေးတာဖြေပါဦးရှင့်"

"ဒယ်ဒီပြန်ရောက်တာ ကြာပေါ့ ။ဘာလို့လဲ"

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Nơi câu chuyện tồn tại. Hãy khám phá bây giờ