Episode 10🍀

651 35 0
                                    

A few days later....

"ဆရာမ"

"......."

"ကျွန်တော့်ကို ကြိုက်တဲ့အပြစ်ပေးဗျာ။ဥပေက္ခာတော့ ပြုမထားပါနဲ့နော်။ကျွန်တော် အရက်၊ဆေးလိပ် လုံးဝ မသောက်တော့ပါဘူး။"

"သေချာလား"

"ဟုတ် သေ သေချာပါတယ်ဗျာ။ဆရာမသာ ကျွန်တော့ကို အရင်လို ပြန်ဆက်ဆံပေးပါနော်"

"ဟုတ်ပြီလေ"

"ဆရာမ ဟိုလေ...ကျွန်တော် တစ်ခုလောက်တောင်းဆိုစရာရှိတယ်။သီတင်းကျွတ်ကျောင်းပိတ်ရင်လေ ကျွန်တော်နဲ့ လျှောက်လည်ပေးလို့ရမလားဗျာ့"

"တို့မအားဘူးလေ။ကျောင်းပိတ်လဲ တို့မယ် အလုပ်နဲ့"

"ဟုတ်ကဲ့ပါဗျာ။မရလဲ......"

"ကဲကဲ မျက်နှာက ငြိုးပြီ ချက်ချင်းဘဲ ကလေးမရယ်။လပြည့်နေ့တစ်ရက်တော့ မင်းကို တို့အချိန်ပေးမယ်ကွယ်"

"တကယ်လားဗျာ့"

"ဟွန့်အွန်း။တို့နောက်နေတာ"

"....."

"ကလေးမရယ် ခက်ပါ့ကွယ်။တည်တည်"

ချစ်စဖွယ်ဆိုလိုက်တော့.....

"ချစ်စရာလေးပါဗျာ"

"မင်းနှယ် ပြောင်းလဲမြန်ချက်ပါလားကွာ"

"ကျွန်တော်က ဆရာမမျက်နှာ တစ်ကမ္ဘာ‌နေရသူမို့ ကျွန်တော့် ရယ်ခြင်း ငိုခြင်းတွေက ဆရာမအပေါ်မှာ မူတည်ပြီး ပြောင်းလဲနေတာပါ..."

"အို...ကွယ်"

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

"ဝတ်ရည်လေးရေ အသဲတုံးလေးရေ"

"ဘာတုန်းဟ အသံက"

"ချစ်လို့ သဲလေးကို"

"ရွံတာ မနေ့ကရုပ်နဲ့ တခြားစီ"

"ဟီး အဆင်ပြေသွားပီလေ သဲ‌လေး"

"သိတယ်သိတယ် ငါဆရာမသူဇာဆီက ကြားထားတယ်"

"နင့်လဲ ဖြောင့်တယ်ဆိုတာ 1မဟုတ်ဘဲ ၁ လိုလေးလားဟင် Engဆရာမနား သိပ်ကပ်သလိုဘဲ"

"မဟုတ်ပါဘူးဆိုဟယ်"

"အေး မပြောလဲရတယ်နော်။ဒါမယ့် ဝတ်ရည် ငါပြောပြမယ်။ကိုယ့်ဖြစ်တည်မှုကို ချပြနိုင်ရတယ်သိလား။နင့်ကိုမေးနေတဲ့သူက LGBT supportorတစ်ယောက် မို့လို့ နင်ယုံကြည့်သင့်တယ်။ငါနောက် မှသိရရင် ငါ တကယ် စိတ်ဆိုးမိလိမ့်မယ်။"

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Where stories live. Discover now