Episode 5🍀

762 42 1
                                    


"တီ~တီ~"

"သမီးလေးတောင် ရောက်လာပြီလား"

"ဟုတ်တယ် အန်တီသိင်္ဂီ"

"အေး"သမီး အပေါ်ထပ်က ဘုရားခန်းရှေ့က အခန်းက သမီးတပည့်အခန်းဘဲ ဝင်သွားလိုက်နော် သမီး။"

"ဟုတ်ကဲ့ရှင့်"

- - - - - -- - - - - -- - - - - -- - - - - -- - - - - -- - - - -

ဟင် တံခါးက ပွင့်ပြီး လူလဲမရှိဘူး

"အမယ်လေး လန့်တာဟယ်"

"ဟီး"  အောက်ထပ်က ဆရာမ အသံကြားကတည်းက ပုန်းပြီး စောင့်နာ"

"မင်းကတော့ တကယ့် အဆိုးလေးဘဲ။ဒါနဲ့မင်းအခန်းကလဲ ဘာမှမမြင်ရဘူး အနက်ရောင်ချည်းဘဲ မွေ့ယာကအစ ရေခွက်အဆုံး။"

"ကျွန်တော်က အနက်ကြိုက်လို့လေ။ဆရာမကရော ဘာအရောင်ကြိုက်လဲဟင်"

"တို့ကတော့ ခရမ်းရောင်ကို အကြိုက်ဆုံးဘဲ။"

"ကျွန်တော်ဖတ်ဖူးတယ် ခရမ်းရောင်ကို အသက်အလယ်အလတ်ပိုင်း အမျိုးသမီးတွေက အကြိုက် များကြတယ်တဲ့"

"ဟုတ်ပါပြီရှင် ကဲစာသင်မယ် မြန်မာစာကို
ပိုဖိပေးရမယ် မင်းကအပျင်းလေးဆိုတော့ ကျက်စာမလုပ်ဘူး ဟုတ်တယ်ဟုတ်"

"ဟဲဟဲ ကျွန်တော့်စိတ်ကို ဖတ်တက်တယ်လား"

"မင်း ကျတာ အဲတစ်ဘာသာဘဲမို့‌ေလ။ဒါနဲ့ အန်တီ့ကို မှာထား နောက်နေ့ ကြိမ်လုံးဝယ်ပေးထားလို့"

"ဗျာ.."

"တစ်ဗျာဗျာနဲ့ ရှင်လို့ပြော နောက်ခါ"

"နှုတ်ကျိုးနေပြီဗျာ့"

"ပြင်မလား မပြင်ဘူးလား"

"ကျွန်တော်ကြိုးစားပြင်ပါ့မယ်"

"‌လိမ်မာပါတယ် ကလေးက"

"ပြုံးလိုက်ရင်  ချစ်စရာလေး ဆရာမက။အမြဲပြုံးနေပါ့လား"

"မင်းသာ စကားနားထောင်ရင် မြင်ရမှာပေါ့"

"ဟုတ်ကဲ့ပါဗျာ့"

"လာပြန်ပြီဗျာ့!!"

"အားးးး နာလိုက်တာ ဆရာမရာ"

"မင်းဗိုက်က ဆွဲလို့လဲမကောင်းဘူး  အစားများများစားထား ကြားလား"

အရိုးကွဲအောင်ရိုက် မှ အသဲစွဲအောင်ချစ်တာ"Tempat cerita menjadi hidup. Temukan sekarang