အပိုင်း။၅၂။

493 92 31
                                    

ဘဲဥအေးအေးတွေကိုလက်နဲ့ထိစမ်းရင်းတလုံးခြင်းလိုက်ကောက်နေပါသော နေခြည်လေး

နှီးခြင်းလေးဟာအလာတုန်းကဗလာပေမယ့်အခုတော့ဥလေးတွေပြည့်သိပ်လို့

သတ္တဝါတွေမွေးရတာဝါဿနာမပါပေမယ့်ဥဥပေးမယ့်အကောင်လေးတွေတော့မွေးချင်မိသည်ဘာလို့ဆိုမနက်လင်းတိုင်းဥလေးတွေလိုက်ကောက်ရမှာကိုတွေးပြီးပျော်မိလို့

နေမင်းဟာလည်းတောင်ပေါ်မြူနှင်းအေးတွေကြားထဲရူန်းကန်ကာစတင်၍ထွက်ပေါ်လာနေခဲ့ပြီ

ကြက်ခြံထဲမှ
ကြက်ဥတွေကောက်အပြီး
တစ်ခဏ ကြာသည်အထိ
သူသည်ဆင်းသွားသော
တောင်စောင်းမှ အခုထိတတ်မလာခဲ့သေးချေ

ထိုကြောင့်အနီးနားက
သစ်ပင်တစ်ပင်နားတွင်
ဥချင်းပိုက်ကာထိုင်ချရင်း
သူ့အားစောင့်နေမိခဲ့သည်။

ဘဝမှာဒီလိုတွေဖြစ်လာမယ်လို့
တစ်ခါမှ မတွေးခဲ့ဖူးပါ

မျက်လှည့်လိုတစ်ခဏအတွင်း
သူကဘယ်သူလဲဆိုတာကို သိခဲ့ရပြီးေနာက် ခဏလေးမှာပင်ဒီလိုလွန်ဆန်၍မရသော အခြေနေတစ်ခုသို့ရောက်ရှိခဲ့ရ၏

တောကြီးမျက်မဲထဲက
တောင်ကျရေလို
မျက်လှည့်ဆန်ခြင်းတွေနဲ့
ဘဝအား ရှေ့ဆက်ရတော့မည်သာ...

ကိုယ်ဝန်နဲ့မို့ဘာနေနေ
သူ့ကိုအပြည့်အဝအားကိုးနေရ၏
အားမကိုးချင်သော်လည်းလွန်ဆန်၍မရပေ

သူဒီကလွတ်လမ်းတစ်ခုခု
အမြန်ဆုံးရှာတွေ့ပါစေဟုဆုတောင်း နေမိသည်။

အဘယ်ကြောင့်ဆို
ခလေးမီးဖွားဖို့ က မကြာသော
လများတွင်ရောက်ရှိလာတော့
မည်မဟုတ်ပါလား

ဒီကိုယ်ဝန်စရှိကထဲက
သူ့ကိုအရမ်းတွယ်တာနေမိတာ
ကဟိုးစစထဲကသာ

ဒီခလေးကသူ့ရဲ့ရင်ငွေ့ဖြစ်တည်မူ့တွေကို လိုအပ်နေသည်မှာ ထူးဆန်းလှ၏

တခြားမကြည့်နှင့် အရင်က
အစားတစ်ခုဝင်ဖို့ ၃ ခါလောက်အန်ပြီးမှစားလို့ရပေမယ့် အခု အစားဆင်းရဲနေသည့်ကာလမှာပင်  စားရသောက်ရအဆင်ပြေနေ၏

ပြီးအမြဲ မူးဝေနေတတ်သောခေါင်းသည်လည်း
ဒီရောက်လာကထဲက ကြက်ပျောက်ဌက်ပျောက်

အမုန်းသွေးဖြင့်ရေးသော...(Completed)Kde žijí příběhy. Začni objevovat