အပိုင်း။၄၄။

572 102 33
                                    


ညဦးက သူနဲ့ပြောခဲ့သောစကားသံတွေက နားထဲ ပဲ့တင်ထပ်လို့နေခဲ့၏

အကယ်၍သာ အိမ်တော်ထိန်းက
ခိုင်းဖို့ရှိလို့ ခေါ်မထုတ်ခဲ့ရင်လည်း
ကိုယ်သူ့အပေါ်စကားပြန်စဖို့
လုံးဝမဖြစ်နိုင်တော့ပါ....

ဒီညရဲ့လေတွေကဆောင်းဝင်နေပြီမို့ အေးမြတာထက်ပိုလာကာချမ်းသည့်ဘက်ကို
ရောက်၍လာခဲ့နေပေသည်။

ဆောင်းဦးရဲ့ နှိပ်စက်မူ့က
အပြင်က သစ်ပင်ကြီးများအား၏
ကိုယ်ပေါ်မှအရွက်များအား
ညိုရောင်တမ်းကြွေကြပျက်စီးစေသလို

"ဆောင်းဦးမှာ ချစ်ရသူကိုမြင်နေရက်နဲ့ ပွေ့ဖက်ခွင့်မရသည်ကလည်း ရင်ထဲကအလွမ်းတောနက်အား တစ်တောလုံးကြွေကြစေခဲ့၏"

ဒီဆောင်းဦးက အရင်ဆောင်းဦးထက်ပိုအေးစက်နေခဲ့၏။

ရင်ကွဲကောင် နှင့် ဇီးကွက်တို့၏
အော်သံတို့သည်လည်းပတ်ဝန်းကျင်တစ်ခွင်
လွမ်းမိုးလို့နေခဲ့၏။

တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင်မှာ
သူ့အကြောင်းတွေရတာကလည်း
ရသမြောက်တဲ့ အနုပညာတစ်မျိုးမို့

ခပ်နုနုမျက်နာလေးအားမှန်းဆရင်းအရင်ကထက်ပိုချစ်၍လာခဲ့ရ၏။

##ပြန်ကြားခဲ့ရသည့်အထဲ
သူ နန်းတော်ထဲကထွက်သွားတဲ့နေ့က မျက်ရည်တွေကျနေခဲ့သည်တဲ့....

ဘာလို့လဲ
ဘာကြောင့်ငိုခဲ့ရတာလဲ
သူကနန်းပြင်အရမ်းပြန်ထွက်လာ
ချင်တဲ့ ဌက်ငယ်လေးလေ

သူ့အရမ်းပြန်ချင်နေတဲ့အသိုက်လေးက်ို ပြန်ခွင့်ရတာကို
သူပျော်ရွင်နေရမည်သာ

ကိုယ့်ကိုလောဘတွေ
ထပ်ရှိစေခ့ဲတာ
အမှန်လားအမှားသေချာမသိသေးသော မင်းလေးရဲ့မျက်ရည်များကြောင့်သာ##

တစ်စုံတစ်ယောက်ကိုချစ်မိသွားတဲ့လူတစ်ယောက်ဟာ
လူဖြစ်ရှုံးသွားပြီတဲ့ ဘာလို့ဆို
သူဘယ်လောက်တော်တော်
သူဘယ်လောက်အာဏာရှိရှိ သူဘယ်လိုတွေပြောင်းလဲပစ်
နိုင်တဲ့လူပဲဖြစ်နေပါစေ သူဟာ
တစ်စုံတစ်ယောက်သောလူဆီမှာ
သူလိုအပ်နေသည့်အချစ်အား
လက်ဖြန့်တောင်းရမ်းနေရတဲ့အတွက်သူဟာ
ခပ်ညံ့ညံ့လူတစ်ယောက်ပါ....

အမုန်းသွေးဖြင့်ရေးသော...(Completed)Where stories live. Discover now