" တစ်ခုတောင်းဆိုစရာ ရှိတယ် မင်းလိုက်လျောပေးပါ နေဥတ္တရာ ဟင့်အင်း ကြိမ်းသေပေါက်မင်းလိုက်လျောပေးကိုပေးရမှာ "

" ဘာများလဲ အန်တီရို့ "

" မင်းနဲ့ ကွာရှင်းပြီးတာနဲ့ တို့သားကို မင်းညီမ သဒ္ဒါနုငယ် နဲ့ မင်းကိုယ်တိုင် လက်ထပ်ပေးရမယ် "

" အန်တီရို့ "

" ကိုကိုက မင်းကို သူ့ငယ်ချစ်ဦးနဲ့ တူလို့ဆိုပြီး ချစ်နေတာ နေဥတ္တရာ ဒါတွေ မင်းမသိဘူးမလား "

" အန်ကယ်က "

မဖြစ်နိုင်တာ အန်ကယ်က ဘယ်လိုလုပ် သူ့ကို မဖြစ်နိုင်တာ မဟုတ်လောက်ပါဘူး ။ အတူတူရှိနေကြတဲ့အချိန်လည်း အန်ကယ်သူ့အပေါ်ကို မရိုးမဖြောင့်တာ တစ်ခုမှမလုပ်ဖူးပါဘူး ။

ငယ်ချစ်ဦး တဲ့ ။ တစ်ခါတရံ တွေ့ရတဲ့ အန်ကယ့်ရဲမှိုင်တွေတွေပုံစံများ ။ သူအန်ကယ့်အိမ်ဘက်သွားရင် ဓာတ်ပုံတစ်ပုံကို ကြည့်နေတတ်ပြီး သူလာမှအတင်းကောက်ဖွက်သိမ်းတတ်တဲ့ အန်ကယ့်အပြုအမူများ ။

" ဂုဏ်ရှိန်မင်းခေါင်က gay တစ်ယောက် ပဲ ပြီးတော့ ဝီရဦးခေါင်က သူ့သား မဟုတ်ဘူး တို့သားပဲ တို့တစ်ယောက်ထဲရဲ့ သားပဲ နေဥတ္တရာ "

" ငယ်ချစ်ဦးက ဘယ်ရောက်သွားလဲ "

" သေပြီလေ တို့နဲ့ သူ့ရဲ့မင်္ဂလာသတင်းကြားပြီး Suicide လုပ်သွားတာ "

ဘုရားရေ လို့သာ နေဥတ္တရာမှာ အံ့သြတကြီး
ရေရွတ်နိုင်တော့သည် ။ အန်ကယ် ဘယ်လောက်တောင်များ ခံစားလိုက်ရမလဲ ။

" အဲ့တော့ အန်တီရို့ ကြားထဲက ဝင်ပြီး ခလောက်ဆန်ခဲ့တာပေါ့ ဟုတ်လား ကိုယ်ချင်းစာစိတ်ရော ရှိသေးရဲ့လား "

" တို့ကမှ သစ္စာအဖောက်ခံရတဲ့သူပါ အစောထဲက တို့နဲ့ ကိုကို့ကို လက်ထပ်ပေးမယ်လို့ မိဘတွေသဘောတူထားကြတာလေ ။လက်ထပ်ခါနီးမှ သူတစ်ကယ်ချစ်ရတဲ့ရှိနေပါတယ်ဆိုပြီး ထဖောက်တာက မင်းအန်ကယ်ပါ နေဥတ္တရာ "

" ဒါပေမယ့်လည်း အန်တီရို့ "

" တို့ဘက်က ချစ်သလောက် ပြန်အချစ်မခံရတဲ့အခါ တို့အကုန်လုပ်ပစ်မှာပဲ အချစ်ကြီးတဲ့မိန်းမတွေကလည်း အမျက်လည်းကြီးတယ်နေဥတ္တရာ "

CEO's Possessively Boyfriend Where stories live. Discover now