Chapter - 1.2 (Start Override)

Start from the beginning
                                    

မျက်နှာဖုံးအရှေ့ဘက်မှာ guanyin ပုံသဏ္ဍာန် ဖြစ်ပြီး မျက်လုံးတွေက မှေးထားတယ်။ ပါးစပ်ထောင့်တွေဟာ အနည်းငယ် မြင့်တက်နေပြီး အပေါ်မျက်ခုံးတွေရဲ့ အလယ်ဗဟို မှာအနည်းငယ် နီရဲနေလေရဲ့။ စုဝေးနေတဲ့မျဉ်းတွေက ရေပြင်ညီ နဲ့ ဒေါင်လိုက်အရ ပိုင်းခြားထားပြီး သတ္တုခါးပတ်ခေါင်းဟာလည်း ဦးခေါင်းအနောက်နှင့်ချိတ်ဆက်ထားပေတယ်။ Guanyin ကဲ့သို့ သိမ်မွေ့နူးညံ့တဲ့ အမြင်တစ်ပိုင်းတစ်စ ကိုထုတ်လွှတ်နေသေးတယ်။

(T/N - တရုတ်ဒဏ္ဍာရီ အရ Guanyin ဆိုတာ ဂရုဏာတရား၏ နတ်ဘုရားဖြစ်ပြီး သနားကြင်နာမှု၏ ရုပ်ပိုင်းဆိုင်ရာ ပြယုဒ်အဖြစ် သတ်မှတ်ကြပါတယ်။

ဒါလဲ ဂလူးဂလူးခေါက်ထားတာပါပဲ, သေချာသိတဲ့သူများရှိရင် ပြောပြပေးလို့ရပါတယ်ရှင် ဒီက မသိနားမလည်သူလေးကို )

ကြည့်ရတာတော့ အာရုံကြောစနစ်တွေကို ထိမသွားဘူးပဲ။ အန်းဝူကျို့ သူ့ဘယ်ဘက်လက်ကို ချ ထားလိုက်တယ်။ ဒီမှာ ရှိတဲ့ အရာရာတိုင်းက သူ့စိတ်ကို ရှုပ်ထွေးစေတာတော့ အမှန်ပဲ။ သူ့မိခင်နှင့် သူ၏ ဆက်ဆံရေး , သူကြီး ပြင်းလာပုံ အဆင့်ဆင့် , သူ့ဖခင် စောစောသေဆုံးသွားရခြင်း , သူ့မိခင်အပေါ် သူ့ရဲ့ မှီခို မှုတွေ နှင့် ချစ်ရပါသော ညီမလေး.....ဒါတွေကို သူမှတ်မိတယ်။

အဲ့ဒီအချိန်တုန်းက ဆေးရုံလူနာခန်းထဲက အမေ့နောက်ကို လိုက်သွားသင့်တာ။ ဒါဆို ငါက ဘာ့ကြောင့် ဒီမှာ ရှိနေရတာလဲ?

" အရင်တုန်းက အတိုင်းပါပဲ, တရားဝင်ပြိုင်ပွဲ မစခင် ငါတို့မှာ မင်းတို့အတွက် သွေးပူဂိမ်း တစ်ခုရှိပါတယ်။ သွေးပူ ဂိမ်းကို အနိုင်ရရှိတဲ့ အသက်ရှင်ကျန်ရစ်သူကသာ ဂိမ်းရဲ့အားသာချက် ဒါမှမဟုတ် တစ်ဦးတည်းကစားခွင့်နှင့် အသင်းအဖွဲလိုက် ကစားခွင့်တွေကို ရွေးချယ်ခွင့် ရရှိနိုင် မှာပါ။"

ထို အသံပေါ်လာချိန်မှာ ငါ့ အရှေ့ရှိ အဖြူရောင် အကွက်ဟာ screen ပျက်သွားလို့ အရောင်စုံဘားတန်းတွေ ပေါ်လာသလိုမျိုး တုန်ခါလာတယ်။ ထို့နောက် သူတို့ရှေ့တွင် မြင့်မားတဲ့ ထိုင်ခုံရှစ်လုံးပါဝင်တဲ့ စာပွဲဝိုင်းတစ်ခုပေါ်လာလေရဲ့။

Survivorship Bias {Myanmar Translation}Where stories live. Discover now