Chapter - 1.2 (Start Override)

42 7 0
                                    


Unicode




သူ့ဦးနှောက်ထဲရှိ hippocampus ပျက်သွားလို့များလား? ဒါမှမဟုတ်ရင် အခြားတစ်ခုခုများ အစားထိုးခံ လိုက်ရတာလား လို့ သူတွေးမိတယ်။

(T/N- hippocampus ဆိုတာ ဦးနှောက်ထဲတွင်နက်ရှိုင်းစွာ မြှုပ်နှံထားတဲ့ ရှုပ်ထွေးပွေလီသော ဖွဲ့စည်းပုံတစ်ခုဖြစ်တယ်။ သင်ယူခြင်း နှင့် မှတ်သားခြင်းဆိုင်ရာ အချက်လက်တွေအတွက် အဓိကအခန်းကဏ္ဍမှ အကျိုးပြုပြီး ၎င်းဟာ ထိခိုက်ပျက်စီးလွယ်တဲ့ အခြေအနေရှိတယ်။ လေ့လာမှုတွေအရတော့ သူတို့ဟာ အာရုံကြောနှင့် စိတ်ရောဂါ ဆိုင်ရာ ရောဂါ အမျိုးမျိုးတို့အပေါ်တွင်လည်း သက်ရောက်မှုရှိတယ်လို့ဆိုကြပါတယ်။

Google မှ ကောက်နှုတ်ကိုးကားထားခြင်းဖြစ်ပါ၍ အမှားတစ်စုံတစ်ရာ ရှိနေပါက ဘာသာပြန်သူ၏ အမှားသာဖြစ်ပါတယ်ရှင်....)

အန်းဝူကျို့ ဟာ သူ့ခန္ဓာကိုယ်တွင်း အာရုံကြောနှင့်ဆိုင်တဲ့ နယ်ပယ်ရှိမရှိကို စစ်ဆေးလိုတယ်။ ညာဘက်လက်ကလည်း ပြင်ထန်သောဒဏ်ရာကြောင့် အရိုးကျိုးသွားခြင်းဖြစ်တန်ရာ၏။ ပြီးတော့ လက်က ခုထက်ထိ တုန်နေတုန်းပဲ။

သူ့ဘယ်ဘက်လက်ကို မြှောက်ပြီး နားရွက်နှင့်ခေါင်းနောက်သို့ ဆန့်ထုတ်လိုက်တယ်။ ဆံပင်တွေက ခါးအထိရှည်နေတာကို သတိပြုမိတယ်။ ဒါပေမယ့် အဲ့ဒါနဲ့ပတ်သတ်ပြီး သူ့မှာ ဘာအစီအစဉ်မှ ရှိမနေဘူး။

ငါ့လက်တွေက ဒီလို တုန်လှုပ်နေဆဲ ဖြစ်တာကို တကယ်မလိုချင်ဘူး။

အန်းဝူကျို့ သူ့ညာဘက်လက်ညှိုးထိပ်ကို ကိုက်လိုက်ပြီး မျက်မှောင်ကြုတ်ကာ Mask တပ်ထားတဲ့လူကိုတစ်ချက် ကြည့်လိုက်တယ်။

အဲ့ဒီလူက သူနဲ့အဝေးဆုံးမှာ မတ်တပ်ရပ်နေတာဖြစ်တယ်။ ထိုသူသည် အရပ်ရှည်ပြီး အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ဆင်ထားတယ်။ ကြည့်ရသလောက်တော့ လူငယ်ပုံစံပဲ။ သူ့မျက်နှာ အစစ်အမှန်ကိုတော့ သေချာမမြင်ရဘူး။ ထိုသူက ဓာတုပစ္စည်း အချို့ဖြင့်ပြုလုပ်ထားတဲ့ စက်မျက်နှာဖုံးကို ဝတ်ဆင်ထားတယ်။ မျက်နှာပြင်က ချော မွတ်ပြီး ချိုမြိန်တဲ့ အဖြူရောင် သကြားရည်လိုမျိုး ဖြူစွတ်နေတယ်။ ဒါပေမယ့် အဲ့အပေါ်မှာ သဲလွန်စ တစ်စွန်းတစ်စ ကျန်ရှိနေတဲ့ လက္ခဏာလည်းရှိသေးတယ်။

Survivorship Bias {Myanmar Translation}Where stories live. Discover now