အပိုင်း(၆၅)

Начните с самого начала
                                    

"လိုရင်းအချက်ကိုသာ ပြောလိုက်စမ်းပါ!"

"မလောပါနဲ့ဦး.! ကျွန်တော်မျိုးမ ပြောပြပါ့မယ်ဆို၊ ဟွန့်.. ကျွန်တော်မျိုးမ ပြောနေတာ ဘယ်နားမှာ ရပ်လိုက်တာလဲ။ အမ်း..... ကျွန်တော်မျိုးမ အစကနေပြန်ပြီးပြောမယ်၊ မနေ့တုန်းက နေကသာပြီးတော့ လေပြေတွေကလဲ တဖြူးဖြူးတိုက်နေတယ်၊ လေပြေလေညင်းတွေကလဲ သာသာယာယာနဲ့...."

လင်ရှန်းတစ်ယောက် သွေးတစ်ပွက်ပင် အန်ထွက်လိုက်ချင်တော့သည်။

နောက်ပိတ်ဆုံးမှာတော့ ရှောင်လုက အဓိကဆိုလိုရင်းအချက်ကို ရောက်သွားတော့​လေသည်. သူမ တော်ဝင်ဆေးသမားတော်ဌာနကို သွားတဲ့လမ်းမှာ တော်ဝင်သမားတော်နှစ်ဦးက အင်ပါယာရဲ့ဖျားနာမှုကို ခေါင်းချင်းဆိုင်တိုက်ပြီး ဆွေးနွေးနေကြတာကို သူမပက်ပင်းတိုးမိခဲ့သည်. တော်ဝင်သမားတော်တွေထဲက တစ်ဦးက ပြောနေတာက အင်ပါယာရဲ့ဖျားနာမှုက အလွန်ထူးဆန်းနေသည် ဘာလို့လဲဆိုတော့ အင်ပါရာရဲ့ ကိုယ်ခန္တာပေါ်မှာ အဝါရောင်အစက်ပျောက်တွေဖုံးနေတယ်ဟု ပြောနေကြလို့ပင်ဖြစ်သည်။

'အဝါရောင်အစက်ပျောက်တွေလား။ ဘယ်လိုဖြစ်ပြီးတော့ ဒီလိုဖျားနာတဲ့ပုံစံမျိုးက ဟိုနယ်လှည့်သမားတော်တွေပြောနေကြတဲ့ ရောဂါလိုမျိုးနဲ့ ကြားရတာ ဆင်တူသလိုမျိုးဖြစ်နေရတာလဲ? အင်ပါယာရဲ့ဖျားနာမှုက အဲဒါနဲ့ ဆက်စပ်နေတာများလား? တကယ်လို့ အဲလိုမျိုးသာဆိုရင် သူမတို့မှာ အခုကုသမယ့် နည်းတစ်ခုရှိနေပြီမို့လား! ?'

လင်ရှန်းတစ်ယောက် အတွေးထဲနစ်မြောသွားနေတုန်းမှာပဲ ရှောင်လုက ဆက်ပြောလိုက်ခဲ့သည်. _ "ပြီးတော့လဲ အိမ်ရှေ့စံမင်းသားမှာလည်း အရှင်မင်းမြတ်နေမကောင်းဖြစ်မှုကြောင့်နဲ့ အစာစားချင်စိတ်မရှိတဲ့ ဝေဒနာခံစားနေရတယ်လို့ မိန်းမစိုးတစ်ယောက်က ပြောနေတာကိုလဲ ကျွန်တော်မျိုးမ ကြားလိုက်ရသေးတယ်၊ နောက်ပြီးတော့ အိမ်ရှေ့စံမင်းသားက အရှင်မင်းမြတ်ကို ကုသနိုင်တဲ့ ဘယ့်သူ့ကိုမဆို ရွှေပြားတွဲတစ်ထောင် ဆုချီးမြှင့်မယ်လို့ အမိန့်ထုတ်ပြန်လိုက်တယ်တဲ့၊ ဒီသမားတော်အိုကြီးတွေ ဒီလောက် သဲသဲလှုပ်နေတာ အံ့ဩစရာမကောင်းတော့ပါဘူးလေ...''

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Место, где живут истории. Откройте их для себя