အပိုင်း(၃၁)

29 4 0
                                    

"အရှင့်သားကျွန်တော်မျိုး မှားမှန်းသိပါပြီ"

ဘာသာပြန်သူ - tartarmoon

အပိုင်း(၃၁)

"ရှူး.!" နင့်အသံကို တိုးတိုးပြောစမ်းပါ! နင်က တစ်ခြားသူတွေ ကြားသွားစေချင်လို့လား?" လင်ရှန်း လျင်မြန်စွာဖြင့် ရှောင်လုပါးစပ်ကို အုပ်လိုက်ကာ သူမ၏နား နားကိုတိုးကာ တိုးတိုးလေးပြောလိုက်တယ်. "ငါ နင့်ကို မေးပါရစေဦး. နင် ငါ့အကြောင်းတွေသာ ပေါက်ကြားသွားရင် ငါတို့တွေ ဘာတွေဖြစ်လိမ့်မယ်ဆိုတာ နင် တွေးထားခဲ့သေးလား?"

"အမ်...." ရှောင်လု က ပြောစရာစကားမရှိတော့ဘဲ သူမခေါင်းကိုပဲ ခါရမ်းလိုက်လေတယ်။

လင်ရှန်း က သူမရဲ့အသံကို ပိုပြီးတော့တိုးလိုက်ကာ " ဒီရက်တွေမှာ ဒီမေးခွန်းကိုပဲ ငါ တစိမ့်စိမ့်တွေးနေခဲ့တာ၊ တစ်ရက်ရက်ကျရင် ငါ ဖော်ထုတ်ခံလိုက်ရရင် နင် တင်မကဘူး ငါ့ရဲ့ မိဘတွေရော၊ ကိုကြီးရော ပြီးတော့လဲ ငါတို့ စုန့်မိသားစု တစ်အိမ်တော်လုံးက ကြီးမားတဲ့ကပ်ဘေးကြီးနဲ့ ရင်ဆိုင်ရလိမ့်မယ်. သေဖို့ထိုင်စောင့်နေမယ့်အစား ငါကတော့ နန်းတော်ထဲကနေပြီး ထွက်သွားဖို့ အခွင့်အရေးကောင်းကောင်းရှာရမှာပဲ၊ သူတို့က ငါသေသွားပြီ ဒါမှမဟုတ် ရှုးသွားပြီလို့ ထင်သွားရင် ဒါကကောင်းတာပဲလေ၊ အလွန်ဆုံး သူတို့က ငါ့ကို ရှာမတွေသွားဖို့ပဲ ငါလုပ်ရမှာလေ၊ အရာအားလုံးကလဲ အဆင်ပြေသွားလိမ့်မယ်၊ အဲဒီနေ့ အဲလိုမျိုးတွေဖြစ်ပျက်လာတဲ့အချိန်ရောက်ရင် ငွေက အရေးကြီးဆုံးပဲလို့ နင် မထင်ဘူးလား"

ရှောင်လု တစ်ခုခုကိုနားလည်သွားတဲ့ပုံစံထင်လိုက်ရ၍ ခေါင်းငြိမ့်လိုက်ကာ- "အရေးကြီးတာပေါ့"

"ဒါဆိုရင် ငါ ဘာပဲတန်ဖိုးရှိတာတွေရလာရလာ ငွေတွေအများကြီးရအောင်လို့ နင် ငါ့အတွက်ရောင်းပေးရမယ်၊ ငါ တို့ များများစုဆောင်းထားရမယ်၊ အနာဂတ်မှာ ငါက ငါရဲ့ကိုယ်ပိုင်ဟဿ္လာပြဒါးကွေးအိမ်တော်ကိုလဲ ဖွင့်ချင်သေးတယ်၊ စီးပွားရေးလုပ်ဖို့က အကောင်းဆုံးပဲ!"

ရှောင်လု က သူမရဲ့ချွေးတွေကို သုတ်လိုက်ပြီး -

" ကြင်ယာတော်မင်းသား ၊ သခင်က ဒီလိုပုံစံမျိုးကြီးလုပ်ချင်တာကတော့...."

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now