အပိုင်း(၆၂)

22 4 0
                                    

အပိုင်း(၆၂)

မြက်ခြောက်အခင်းက အခုတော့ ဖျာလိုပြားချပ်လို့သွားခဲ့ပါပြီ. လင်ရှန်းကို လိန်ဖန်က နမ်းလိုက်တဲ့အချိန်တုန်းက မြက်ခြောက်ပေါ်ကို ယိုင်လဲကျသွားလို့ပါပဲ. ဒါပေမယ့် လိန်ဖန်က စိတ်ကျေနပ်မှု မရသေးပါဘူး. အနမ်းတွေကို နက်ရှိုင်းသထက်နက်ရှိုင်းလာအောင်လို့ သူလက်တွေကပါ နယ်ပယ်ချဲ့ထွင်နေခဲ့လေသည်. လင်ရှန်းရဲ့ခါးစည်းကြိုးက ပြေလျော့လျော့လာကာ သူမရဲ့ပုခုံးသားတွေကပါ ထင်းထင်းပေါ်လွင်လို့လာခဲ့သည်. ကြမ်းတမ်းတဲ့မြက်ခြောက်ဖျာကနေပြီး နာကျင်မှုအနည်းငယ်အားသူမ ခံစားလိုက်ရသည်. ဒါပေမယ့် အဲဒီနာကျင်မှုက အလေးထားခြင်းမခံလိုက်ရပေ. ထိုအခိုက်တွင်တော့ အခြေအနေတွေက ရပ်တန့်လို့မရတဲ့ပုံပေါက်နေခဲ့ကာ.....

ဒါပေမယ့် ရုတ်တရက် အရာဝတ္ထုတစ်ခုခုက သူမ နောက်ကျောကို လာပြီးထိုးနေသလို လင်ရှန်းခံစားလိုက်ရသည်. အဲဒီအရာက မြက်ခြောက်ဖျာတော့ လုံးဝမဟုတ်နိုင်ပေ. ထိုအရာက မာမာတောင့်တောင့်ကြီးဖြစ်နေတဲ့အရာတစ်ခုပင်. သူမစိတ်ထဲမှာ စတင်ပြီးတော့ရှင်းလင်းစွာသိလာခဲ့ကာ သူမက လိန်ဖန်ကို ဖွဖွပုတ်နိုးလိုက်တော့သည်။

"ခဏ...ခဏ.လေးနေပါဦး.....ဒီနားမှာတစ်ခုခုရှိနေတယ်......"

အဲလိုလုပ်လိုက်တာက လိန်ဖန်အတွက် ရပ်တန့်လိုက်ဖို့ရာ အလွန်ခက်ခဲနေခဲ့သည်. သူက စိတ်တိုသွားတော့သည်။ "အဲဒါ ဘာမို့လို့လဲ"

လင်ရှန်း က အသက်ဝဝရှူသွင်းလိုက်ပြီးတော့ ညွှန်ပြလိုက်တယ်.- "ကျွန်မနောက်ကျောကို တစ်ခုခုက လာထိုးနေတယ်" သူမက နောက်ပြန်လှည့်ကြည့်လိုက်တော့ မြက်ခြောက်ကြားထဲကနေပြီး ဖြိုးဖြိုးဖျက်ဖျက်ဖြစ်နေတဲ့အရာတစ်ခုကို သတိထားမိလိုက်ခဲ့တယ်. လင်ရှန်းရဲ့တန်ဖိုးကြီးမားတဲ့အရာတွေကို စန်းစန်းတင့်ဖြစ်မှုအပေါ်ကို အခြေခံလိုက်ရရင်ဖြင့် အဲဒီအရာက ရွှေဆိုတာ ချက်ချင်းလက်ငင်းသိလိုက်တော့တယ်!

လင်ရှန်းရဲ့မျက်လုံးလေးတွေက ရွှန်းစိုဝင်းလဲ့လို့သွားကာ အငမ်းမရလှမ်းယူလိုက်သည်. အဲဒီအရာက ရွှေဆံထိုးတစ်ချောင်းပင် ဖြစ်နေခဲ့ပေသည်! ပြီးတော့လဲ ရှားပါးကျောက်မြတ်တွေက အဲဒီအပေါ်မှာစီခြယ်လို့ထားသည်. အနုလက်ရာက လွန်စွာပင်လက်ရာမြောက်နေခဲ့သည်။

အရှင့်သား ကျွန်တော်မျိုး မှားမှန်းသိပါပြီ[Zawgyi Version]Where stories live. Discover now