ep1

92 8 3
                                    

''သူငယ်ချင်း''

ကျွန်တော့်နာမည်က bright ပါဗျ ကျွန်တော်ကလေ သူငယ်ချင်းဆိုတဲ့စကားကိုမုန်းတယ်ဗျ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်မှာလေ အရမ်းကိုချစ်ဖို့ကောင်းတဲ့ငယ်ချင်းလေးတစ်ယောက်ရှိပါတယ်ဗျ သူလေးက ရိုးသားတယ် စိတ်ထားကောင်းတယ် ကျွန်တော့်ကိုလည်းအမြဲကူညီပေးခဲ့တယ် ကျွန်တော်က သူ့လောက်မချမ်းသာပေမယ့် သူကတော့မခွဲခြားပဲ ကျွန်တော့်ကိုငယ်ငယ်ကတည်းကပေါင်းသင်းခဲ့တယ် သူကအမြဲတမ်းကျွန်တော့်ကိုဂရုစိုက်ပေးတော့လေ ကျွန်တော်လည်းမသိစိတ်လေးနဲ့ သူ့ကိုချစ်မိပြီဗျ ကျွန်တော်ဂေးတော့မဟုတ်ရပါဘူး ဒါပေမယ့် ကျွန်တော်ကဘယ်သူ့ဆီမှဂရုစိုက်မခံဖူးပါဘူး ဘာလို့လဲဆိုတော့ ကျွန်တော်မှာမိဘမဲ့ကလေးပါပဲ အဖေအမေက ကျွန်တော်ငယ်ငယ်ကတည်းက မတော်တဆမှုနဲ့ဆုံးပါးသွားပြီဗျ ခုလက်ရှိကျွန်တော်တော့ အဒေါ်နဲ့ပဲအတူနေထိုင်တော့တယ် အဒေါ်အကြောင်းပြောနေရင်း ‌သူမရဲ့အော်သံကိုကြားမိပါရဲ့

"Bright သား သားထမင်းလာစားတော့"

"ဟုတ်ကဲ့ဗျ"

အဒေါ်အော်တဲ့အသံ‌ေကြာင့် ကျွန်တော်လည်းလံယ်အိတ်လေးကိုင်ပြီး အောက်ကိုဆင်းသွားလိုက်ခဲ့လေသည်

"အမယ် ဒီနေ့တော့ ဒေါ်လေးရဲ့သားသားက အရမ်းကိုခန့်ချောနေတာပဲ"

‌ဒေါ်လေးစကားကြောင့် ရှက်ကိုးရှက်ကန့်ဖြစ်မိ

"ဒေါ်လေးလည်း သားကနေ့တိုင်းခန့်ချောတာပဲဗျာ"

"အမယ် စကားကတက်လိုက်တာ...ဒါမှမဟုတ် သားလေးမှာရည်းစားရှိသလား"

"အဟွတ်....အဟွတ်"

ဒေါ‌်လေးစကားကြောင့် သောက်နေတဲ့ရေကိုသီးမိတယ်

"သားလေး ဖြည်းဖြည်းသောက်ပါ အဝတ်လည်းစိုအုံးမယ်"

"ဒေါ်လေးရယ် သားမှာရည်းစားမရှိဘူးဗျ...ထားဖို့တောင်စိတ်မဝင်စားဘူး"

"ဟုတ်ပါစေ ဒေါ်လေးလည်းကြိုးစားပြီးယုံလိုက်အုံးမယ် ကဲထမင်းစားတော့"

"ဟုတ်ကဲ့ဗျ"

ဒေါ်လေးက ကျွန်တော့်ကိုစပြီး မီးဖိုချောင်ထဲဝင်သွားလိုက်တယ် ကျွန်တော်လည်းထမင်းစားပြီး ကျောင်းသွားဖို့ လွယ်အိပ်ကလေးယူပြီး ကျွန်တော့်ငယ်ချင်းဆီဖုန်းဆက်လိုက်လေသည်

သူငယ်ချင်းWaar verhalen tot leven komen. Ontdek het nu