75+76(မခူးဆွတ်ရက်သောပန်းတစ်ပွင့်)

Start from the beginning
                                    

"ကျွန်တော့် အဖေကလည်း စစ်သားတယောက်ပါ... ကျွန်တော်လည်း သူ့လိုမျိုး ဖြစ်ရမှာပေါ့..."

လင်ကွေ့ရန် သည် တစုံတခု ပြောချင်နေပုံရသော်လည်း စကားလုံးများကို မျိုသိပ်လိုက်သည်။ ထို့နောက် ဇနီးဖြစ်သူအား တခုခုပြောလိုက်ရာ ဇနီးသည်သည် လင်ချူရွယ်နှင့် လင်လဲ့ ကို အခန်းပြင်ပသို့ ခေါ်ဆောင်သွားခဲ့သည်။

ရှုချန်းလည်း လင်ကွေ့ရန် ဘာပြောမည်ကို သိချင်နေမိသည်။

လင်ကွေ့ရန် သက်ပြင်းချလိုက်ကာ "မင်းအဖေ မသေခင်တုန်းက မင်းကို ကောင်းကောင်းမွန်မွန် ကြီးပြင်းလာပြီး ပျော်ရွှင်တဲ့ဘဝတခု ရဖို့ မှာခဲ့တယ်... အားချန်း မင်းကို ဘာလို့ ငါ့သမီးနဲ့ လက်ထပ်ခိုင်းခဲ့လဲ သိရဲ့လား... မင်းလည်း သိမှာပါ... ချူရွယ်က လှလို့ သူ့အတွက် လက်တွဲဖော်ကောင်းတွေ အများကြီးရှိတယ်... ဒါပေမဲ့ ငါ့သမီးကို မင်းနဲ့ပဲ လက်ထပ်ပေးခဲ့တယ်... ငါ့ရဲ့လှပပြီး ထက်မြက်တဲ့သမီးကို မင်း ကောင်းကောင်းမွန်မွန် ဂရုစိုက်ပြီး ပျော်ရွှင်မှုတွေ လုံခြုံမှုတွေ ပေးမယ်လို့လည်း ငါ မျှော်လင့်ခဲ့တယ်... မင်းကိုယ်မင်း ပိုကြိုးစားမယ်လို့ပေါ့... နောက်တချက်က မင်းအဖေ ဆုံးပါးသွားပြီးတဲ့နောက်မှာ မင်းက အိမ်ထောင်ရေးကို စိတ်မဝင်စားဘဲ နေခဲ့တယ်... အစ်ကိုကြီးရှုရဲ့ မျိုးဆက် ပြတ်သွားမှာကို ငါ မလိုလားဘူး... ဒါ့ကြောင့် မင်းနဲ့ ချူရွယ် လက်ထပ်ပေးပြီး ပျော်ရွှင်တဲ့ဘဝတခု ဖြတ်သန်းနိုင်ဖို့ ငါ တကယ်ကို မျှော်လင့်ထားခဲ့တာ... ဒါပေမဲ့ မင်းက စစ်တပ်ထဲဝင်သွားပြီး သေမင်းနှုတ်ခမ်းဝ ဖြတ်လျှောက်ရတဲ့ အလုပ်တွေ လုပ်နေခဲ့တာပဲ..."

ရှုချန်း ပြုံးလိုက်ကာ "ဦးလေး... ကျွန်တော်လည်း အတတ်နိုင်ဆုံး ကြိုးစားနေပါတယ်... ပွင့်ပွင့်လင်းလင်းပြောရရင် ဘဝကို ရိုးရိုးရှင်းရှင်းပဲ ဖြတ်သန်းချင်တာပေါ့... ဆုံးသွားတဲ့ အဖေ့အကြောင်းကို တွေးမိတိုင်း မမြင်ဖူးလိုက်တဲ့ အမေ့ကိုလည်း သတိရမိတယ်... အမေ့ကို ရှာချင်တယ်... အဖေ ဆုံးသွားပြီဆိုတာ သွားပြောပြချင်တယ်... အဖေ့ရဲ့ နားခိုရာ အုတ်ဂူကို တစ်ခါလောက် လာကြည့်မလားလို့ မေးချင်တယ်... အဖေ သူ့ကို ဘယ်လောက် လွမ်းနေတယ်ဆိုတာ အမေ မသိပါဘူး... ဒါပေမဲ့ ပွင့်ပွင့်လင်းလင်းပြောရရင် ဒီလိုမျိုး ကြိုးစားခဲ့တာတွေ အားလုံးအတွက် အကြီးမားဆုံး တွန်းအားက ချူရွယ်ဆီက ရတာပါ..."

နတ်နဂါးစစ်သည်Where stories live. Discover now