" ကောင်းကောင်းမြိုကြ "

" ဟိုဘက်က သတို့သားရော "

အခမ်းနားမှူးမှာ မေးသာမေးနေရတာ မျက်နှာကဇီးစေ့လောက်သာကျန်တယ် ။

" သူပြောတဲ့ အတိုင်းပဲ ပြီးရင် ပြန်ကြတော့ "

ခန်းမတစ်ခုလုံးလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ နေဥတ္တရာပြောသလို ကောင်းကောင်းမြိုနေကြတာမို့ ပွဲပြီးတာနဲ့ ဟိုကောင်နဲ့စာရင်းရှင်းရမယ် ။

" ခင်ဗျား လိုက်ခဲ့ဦး နေဥတ္တရာ "

" ငါ့ကို ဆွဲလားရမ်းလား မလုပ်နဲ့ နော် ပါးရိုက်ပစ်မှာ ဝီရဦးခေါင် "

နှစ်ယောက် သားက wedding သာ ပြောတာ wedding ထက် ချိန်းပွဲမှာ ချိန်းရိုက်ကြတော့မဲ့သူတွေလိုလိုပင် ။

" ကျုပ်ကို အဲ့လောက်တောင် ကြိုက်တာလား နေနေ "

" အရင်ဆုံး ငါ့လက်ကို သာ လွှတ်စမ်းပါ အမျိုးတစ်ခြမ်းယုတ်ရဲ့ မင်းကရော ငါ့ကို မုန်းတာနဲ့ပဲ ဖိတ်စာမှာ ငါ့နာမည်ထည့်ရလား "

" ကျုပ်က ခင်ဗျားကို ပိုတောင် မယူချင်သေးတယ် နေနေ ခင်ဗျားလို ငွေကလွဲဘာမှခေါင်းထဲမရှိတဲ့ စက်ရုပ်ကြီး ကို ကျုပ် ကြိုက်တယ် များ ထင်နေသလား သူများကို ခွေးနဲ့နှိုင်းလိုက်တာလည်း လွန်ရော ခင်ဗျား အစား သဒ္ဒါနုငယ် ကို ယူလိုက်တာမှ ကျုပ်အတွက် ကောင်းဦးမယ် "

" ယူလေ အခုချက်ချင်း ယူလို့ ရသေးတယ် နော် ခွေးနဲ့နှိုင်းခံရတယ်ဆိုတာတော့ မင်းမကောင်းလို့လေ နောက်ပြီး ဖိတ်စာမှာ ငါ့နာမည် ကို မင်းထည့်ဖို့ မပြောရင် ဘယ်သူက ပြင်လိုက်တာလဲပြော "

ဒီစွာစိလန်ကို ဝီရဦးခေါင်း မြောင်းထဲပစ်ချချင်တာမှတအား ။

" ခင်ဗျား လက်ချက်နေမှာပေါ့ ကျုပ်ကို သဘောကျနေတာများ ညီမလက်ထဲပါသွားမှာစိုးလို့ ဒီလိုအပိုင်ဖမ်းလိုက်တယ်ပေါ့ ဟုတ်လား
နေဥတ္တရာ "

" မင်း! "

ဒါလေးပြောတာ ကို မျက်နှာက ရဲသွားရသေးတယ် နေဥတ္တရာတို့များ ။

အမှန်တစ်ကယ်ဆို ဝီရဦးခေါင် စီစဥ်ထားတာက တစ်မျိုးပင် ။ မင်္ဂလာပွဲကျမှ သဒ္ဒါနုငယ်  ကို မယူနိုင်ဘူးလို့ ငြင်းပြီး နေဥတ္တရာနဲ့သူနဲ့ နှစ်ယောက်သား ဟိုနေ့က အတူတူအိပ်ထားကြတဲ့ ပုံတွေနဲ့ မနေ့ညက club က ထွက်လာတဲ့ ကျောပိုးထားတဲ့ ပုံတွေကို projector ကနေ တစ်ဆင့်ပြကာ သူနဲ့ နေဥတ္တရာကြားက ဆက်ဆံရေးမှာ ရိုးရိုးသားသား မဟုတ်ကြောင်းပြပြီး အရှက်ခွဲချင်တာပင် ။ အဲ့လိုဆို နေနေလည်း ကိုယ့်ညီမသတို့သားလောင်းနဲ့တောင် မကင်းနိုင်တဲ့သူအဖြစ် လူကြားထဲပြန့်ကာမိသားစုဝင်တွေကလည်း အပြစ်မြင်ကြမှာပင် ။ အဲ့လောက်ပဲ လောလောဆယ်တော့ အဲ့လောက်ထိပဲ တွေးထားတာကျန်တာကတော့နောက်မှ သူစဥ်းစားမယ်ဆိုပြီး ဒီနေ့ မင်္ဂလာပွဲကိုလာလိုက်တာ ။

CEO's Possessively Boyfriend Where stories live. Discover now